ပြည်သူလူတွေကို ကြောက်လန်စေရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေကြသည့် PDF အကြမ်းဖက်များ

ဇွန်လ ၁၈ ရက် ၂၀၀၅  နာရီတွင် စလင်းမြို့၊ ဈေးမရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ အကြမ်းဖက်သမား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံး ၁ လုံး ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ မီးသတ်ဦးစီးရုံး၏အနောက်တောင်ဘက်ခြံ စည်းရိုးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ လူ/အဆောက်အဦ ထိခိုက်မှု မရှိကြောင်းသိရှိရ။

အလားတူ ၂၀၁၅ နာရီတွင်  အကြမ်းဖက် pdf ကျား  ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ပေါင်းနားရပ်ကွက်၊ ဗိုလ်ဥတ္တမခံတပ်အနီးသို့ ရောက်ရှိလာပြီး လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ ဗိုလ်ဥတ္တမခံတပ်ဝန်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ/ အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *