ဇွန် ၁၉ ကြာသပတေးနေ့ မနက်ခင်းသတင်းများ

-အီရန်ရှိ Natanz ၊ Isfahan ၊ Fordo ၊ Arak ဒေသများရှိ မြေအောက် ၈ ထပ်အထိတည်ဆောက်ထားသော နူ စက်ရုံများကို အစ္စရေး F – 35 – I လေယာဥ်များဖြင့် ၁၃ တန်လေးသော GBU – 57 ဗုံးများကြဲသောကြောင့်ပျက်ဆီးခဲ့ကာ ၃.၈ မဂ္ဂနီကျူ့ရှိငလျင်အထိဖြစ်ပေါ်စေခဲ့ကြောင်း ၊ ကိုဗုံးသည်အမေရိကန်မှာသာရှိ၍ ၎င်းတို့ထောက်ပံ့ခဲ့သည်သက်သေဖြစ်သည်ဟု အီရန်ကဆိုသည်။

-G – 7 အစည်းဝေးလုပ်နေသော ကနေဒါ မှ ကန် သမ္မတထရန့် စစ်ရေးကိစ္စကြောင့် ပြန်သွားခဲ့ပြီး တီဟီရန်တွင်နေထိုင်သူများစွန့်ခွာကြရန် ၎င်းပိုင် Truth မီဒီယာ၌ တင်ခဲ့သည် ၊ (တီဟီရန်တွင် လူဦးရေ ၁၀ သန်းကျော်နေထိုင်ပြီး အစ္စရေးတနိုင်ငံလုံး ၉ သန်းသာရှိသည်) ၊ ၎င်းသည် တောင်တရုပ်ပင်လယ်ရောက်နေသော USS နင်းမစ် လေယာဥ်တင်သဘေင်္ာအုပ်စုကို မြေထဲပင်လယ်သို့ရွှေ့ခဲ့ပြီး ဆော်ဒီ ၊ UAE ၊ ဂျော်ဒန် တို့၌ တပ်စွဲထားသော ကန် စစ်သည် ၄၀၀၀၀ ကိုတပ်လှန့်ထားကာ တိုက်လေယာဥ်အသစ်များ ဖြည့်တင်းလိုက်သည် ။

-ယီမင်ရှိ အီရန်ကြောထောက်နောက်ခံ ဟူသီ စခန်းများကို ကန် ၊ ဗြိတိန် ၊ သြဇီ တိုက်လေယာဥ်များက အပြင်းအထန် ဗုံးကြဲနေသည်။

-အီရန်အစိုးရ TV သတင်းကြေငြာနေစဥ် ရုပ်မြင်သံကြားဌာနဗုံးကြဲခံရပြီး ၊ တီဟီရန်မှလူများထွက်ပြေးနေရာ လမ်းမကြီးများပိတ်ကုန်သည် ။

-အနုမြူလက်နက်ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော မွတ် နိုင်ငံ ၊ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဒါဝါဆစ် က အီရန်ကို မွတ် နိုင်ငံအားလုံး ဘက်စုံဝန်းရံကြရန် တိုက်တွန်းလိုက်ပြီး နေတိုးအဖွဲ့ဝင်ဖြစ်သည့် တစ်ခုတည်းသော မွတ်နိုင်ငံ တူရကီ က ပါရန်သင့်မသင့် ချင့်ချိန်လျှက်ရှိကာ၊ ရုရှား ၊ တရုပ် ၊ မြောက်ကိုရီးယားကငြိမ်နေသည်။

-ရုရှားဒရုန်းများ ကိယက် ကို တိုက်ခိုက်ခဲ့ပြီး မစ်ဇိုင်းတစ်လုံးသည် ၉ ထပ် တိုက်ကိုထိမှန် ခဲ့ ၍ ၁၄ ဦးသေ ၄၀ ကျော်ဒဏ်ရာရသည်။

-သမ္မတ ထရန့် သားအကြီး က ၄၄၉ ဒေါ်လာတန် Trump Mobil အမည်ဖြင့် ရွှေရောင် စမတ်ဖုံးသစ် ကို မိတ်ဆက်ခဲ့ပြီး အသုံးပြုခ ပုတ်ပြတ်နှုံး ၁ လ ၄၇.၄၅ ဒေါ်လာဖြင့် နိုင်ငံ ၁၀၀ ကိုအခမဲ့ မက်ဆေ့ ပို့ခွင့် ၊ ကားပျက်ဝန်ဆောင်မှု့ ၊ လူနာတင်ကားခေါ်ယူမှု့များကို အခမဲ့ပေးမည်ဆိုသည်။

ပြည်တွင်းထူးခြားသတင်းများ

-မဲပေးသူများအတွက်လုံခြုံမှု့မရှိပါက ရွေးကောက်ပွဲမအောင်မြင်နိုင် ဟု တစည ဥက္ကဌ ဦးဟန်ရွှေကပြောသည်၊ ၎င်းက မဲပေးခွင့်ရှိသူများ မဲလာပေးမှု့နည်းလျှင်လည်း အောင်မြင်သည့်ရွေးကောက်ပွဲအခြေအနေဟု မဆိုနိုင်ကြောင်း ပြောခဲ့သည် ။

-ဗဟိုဘဏ်သည် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁၀ သန်း ထုတ်ရောင်းပေးခဲ့သည် ။

-ဝေါ-ညောင်ခါးရှည်ဂိတ်တွင် ရန်ကုန်မှ ဖားအံ ၊ မြဝတီ ပို့မည့် အိုက်စ်ယူးယစ်ဆေး ကျပ်ငွေ ၃.၇၅ ဘီလျံဘိုး နှင့် လူ ၃ ဦးကား ၂ စီး ဖမ်းမိသည် ။

-ပုသိမ် ၆ ရပ်ကွက်တွင် ဗိုလ်မှူးတစ်ဦးသည် ရပ်ကွက်အုပ်ကြီးဇနီး ၊ ကြံ့ခိုင်ရေးပါတီမှ အမျိုးသမီးတစ်ဦးတို့နှင့်အတူ ရပ်ကွက်တွင်းလူစု၍ ကြံ့ခိုင်ရေးပါတီကို မဲပေးရန်ပြောကြားခဲ့သောကြောင့် ၎င်း ဗိုလ်မှုး ဝေဘန်ခံရသည် ။

-ပြည်သူ့ရင်ခွင်ဆိုသည့်အဖွဲ့ က ၂၀၁၂ က ဒေါ်စုကြည် ဦးဝင်းမြင့် တို့အား အမှု့စစ်နေပုံ နှင့် ဟင်နရီဗန်ထီးယူက သက်သေထွက်နေပုံ CCTV မှတ်တမ်းအား ဂါးဒီးယန်း သတင်းစာသို့ ရောင်းချခဲ့သည် ။

Leave a Reply

Your email address will not be published. Required fields are marked *