နိုင်ငံတကာထူးခြားသတင်းမှာ –
-အမေရိကန် မင်နီဆိုးတားပြည်နယ် အထက်လွှတ်တော်အမတ် မစ္စစ် မင်နစ်ဆာ နှင့် ခင်ပွန်း မာ့ဟော့မင်း တို့ မင်နီယာပိုလစ်မြို့နေအိမ်တွင် ပစ်သတ်ခံရပြီး နောက်ဒီမိုကရက်အမတ် ဂျွန်ဟော့မန်း နှင့်ဇနီး တို့ဒဏ်ရရှိခဲ့သည် ၊ သံသယရှိသူ ဗင့်လူသာဘိုသာ(၅၇ နှစ်) ဆိုသူအား ရဲကရှာဖွေနေပြီးသတင်းပေးက ဒေါ်လာ ၅၀၀၀၀ ပေးမည်ဟု FBI ကကြေငြာသည်။
-တီဟီရန်တွင် အစ္စရေးတိုက်ခိုက်မှု့ကြောင့် သေဆုံးသူ ၇၉ ဦးအနက် ၁ မှ ၂၀ အတွင်းရာထူးရှိသော ဗိုလ်ချုပ်ကြီးများပါဝင်ကာ လာမည့် ဇွန် ၁၇ ရက် အင်္ဂါနေ့၌ စုပေါင်းအသုဘချမည်ဆိုသည်။
-ယူကရိန်းအလောင်း ၄၈၀၀ ကျော်နှင့် ရုရှားအလောင်း ၂၇ လောင်း လဲလှယ်ခဲ့သည် ။
-ဇွန် ၂၆ ရက်နေ့မှစပြီး ယူနီကုတ်မှ ဇော်ဂျီ သို့ အော်တိုပြောင်းပေးခြင်းမရတော့ဘဲ ယူနီကုတ်တစ်မျိုးတည်းသာ လက္ခံတော့မည်ဖြစ်သောကြောင့် အချိန်မှီပြုပြင်ထားကြရန် မာတာကုမ္ပဏီကကြေငြာထားသည်။
-ကိုးရီးယားတွင် လိပ်ပြာလုံရဲ့လားသီချင်းဖြင့် တော်လှန်ရေးခေါင်းစဥ်တပ်ရန်ပုံငွေပွဲပြုလုပ်ပြီး လက်မှတ်တစ်စောင် ဒေါ်လာ ၂၀၀ ယူခဲ့ကာ ကျပ်ငွေအားဖြင့်သိန်းသောင်းချီရခဲ့သူ ဖြူဖြူကျော်သိန်းသည် ၊ တော်လှန်ရေးရန်ပုံငွေအား ကျပ်သိန်း ၄၀၀ ခန့် သာထည့်ဝင်၍ သိန်းထောင်ချီတန် ကိုးရီးယားစားသောက်ဆိုင်တစ်ခုဝယ်ခဲ့သောကြောင့် လိပ်ပြာလုံရဲ့လားဟု ဝေဘန်ခံနေရသည် ။
-ဗီယက်နမ်တွင်အရက်သောက်နှုံးလျော့ချရန် ပြည်ပသွင်းအရက်များကို ၉၀%အခွန်တိုးမည်ဟုဆိုသည်။
ပြည်တွင်းထူးခြားသတင်းမှာ –
-ညောင်ဦးမြို့နယ် ကုန်းဘုရားရွာ အထကခွဲကျောင်းအုပ် ဒေါ်နီလာဝင်းနှင့်ခင်ပွန်းအား PDF များက လိုင်းခန်းရှေ့ဆွဲထုတ်ပစ်သတ်ခြင်း ၊ ပခုက္ကူမြို့ပေါ် ၃ ရပ်ကွက် အမက ( ၁၇ ) မှ ဆရာမ ဒေါ်ဇင်မီလှိုင် ( ၂၈ ) နှစ်အား PDF ၅ ဦးကလက်ပြန်ကြိုးတုပ်ခေါ်သွားခြင်း ၊ နတ်မောက်မြို့နယ် ညောင်ကြပ်ပင်ကျေးရွာ မူလွန်ကျောင်းအုပ် ဦးမောင်မောင်ထံ PDF များရောက်လာပြီး ကျောင့်ဖွင့်လျှင် သတ်ပစ်မည်ပြော၍ ဆိုင်ကယ်ယူဆောင်သွားခြင်း တို့ပြုလုပ်ခဲ့ကြသည် ။
-ရွှေစျေးတက်နေစဥ် online မှ လေပါတ်ကားနည်းဖြင့်ရွှေရောင်းသူ ၁၁ ဦးအား သက်ဆိုင်ရာကခေါ်ယူစစ်မေးနေသည် ။
-KNU ဘိုမြ ဇနီး လက်ရှိ လူအစုလိုက်အပြုံလိုသတ်ခဲ့သူတရားခံ KNDO ခေါင်းဆောင် နယ်ဒါးမြ၏ အမေ KWO ဥက္ကဌ ၆ ကြိမ်လုပ်ခဲ့သူ နော်လာဖူး မဲဆောက်ဆေးရုံ၌သေသည်။
-မူဆယ်တွင် လက်နက်ကိုင်အဖွဲ့ပေါင်းစုံရှိနေသော်လည်း ခိုးမှု့၊လုယက်မှု့၊ဓါးပြမှု့၊ပြန်ပေးဆွဲငွေတောင်းမှု့များဆက်တိုက်ဖြစ်နေကာ တရားခံလည်းဖမ်းမိသည်မရှိဘဲ တရားဥပဒေစိုမိုးမှု့မရှိသည့်အပေါ် ပြည်သူတို့စိတ်ပျက်နေကြသည် ။
-မြန်မာပြည်တွင် ကလေး လုပ်သား ၁ သန်းကျော်ရှိကြောင်း သတင်းစာကဖော်ပြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် –
-ဇဗ္ဗူသီရိမြို့နယ် ပညာသိဒ္ဒိရပ် လူမနေသောတိုက်တွင်မီးကြိုးဖြုတ်ခိုးနေသော ဥတ္တရသီရိ ငန်းစပ်ရွာသား ဇော်ဇော်အောင်နှင့်ထက်လင်း တို့ နှစ်ဦးအား ဓါတ်ကြိုး ၁၁ ပိသာနှင့်အတူ ဖမ်းမိသည်။
-နေပြည်တော်အကြမ်းဖက်ထောက်ပို့တာဝန်ရှိသူ ကိုကိုနိုင်(ခ)စစ်ရန်နိုင်(ခ) ဗိုလ်ဂေါ်ဇီလာ ဆိုသူအား ဥတ္တရသီရိမြို့နယ် ဇလောင်းမြောက်ကျေးရွာသို့ခတ္တပြန်လာစဥ်ဖမ်းမိသည် ။
