PDF အချင်းချင်း အဝေမတည့်လို့ တာဝန်ခံခေါင်းဆောင်ဖြစ်သူအား လုပ်ကြံသတ်ဖြတ်

အကြမ်းဖက် NUG လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ပြည်သူ့သားများတပ်ဖွဲ့တာဝန်ခံ မီးခဲဆိုသူအား ဇွန်လ ၈ ရက်နေ့မှာ အခြား PDF တပ်ဖွဲ့တစ်ခုကနေလုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

အကြမ်းဖက်သမားများအနေဖြင့် လက်နက်ကိုင်တော်လှန်နေသည်ဆိုသည့် ခေါင်းစဉ်အောက်တွင် တော်လှန်အကျိုးစီးပွားဖြစ်ထွန်းလာခြင်းအပေါ် ပျော်မွေ့လာကြပြီး အချင်းချင်းငွေရေးကြေးရေးအဝေမတည့်ဖြစ်လာကြသလို နယ်မြေလုရန်ပွဲများဖြစ်လာခြင်းကြောင့် ယခုနောက်ပိုင်းတွင် အချင်းချင်းသတ်ဖြတ်လာမှုများအား မကြာခဏတွေ့မြင်လာနေရတာလည်း ဖြစ်ပါတယ်။

ပြည်သူ့အတွက်တော်လှန်တယ်ဆိုပြီး နောက်ဆုံးတော့လည်း ကိုယ်ကျိုးစီးပွားအတွက်ပဲဆိုတာ မျက်ဝါးထင်ထင်တွေ့မြင်လာရပြီ။

Leave a Reply

Your email address will not be published. Required fields are marked *