ရခိုင်တွင် အကြမ်းဖက် AA ဝင်ရောက်လာပြီးနောက် အလုပ်ကိုင်ရှားပါးမှုများ ကြီးမားစွာဖြစ်ပေါ်နေသည့်အပြင် အဆို AA အကြမ်းဖက်အဖွဲ့က စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများလည်း ရှိနေတာကြောင့် ရခိုင်က လူငယ်အများအပြားမှာ နည်းလမ်းမျိုးစုံဖြင့် ရန်ကုန်အပါအဝင် ပြည်မနှင့် ပြည်ပသို့ မှောင်ခိုလမ်းကြောင်းမှ ခိုးထွက်မှု များပြားလာနေကြောင်း ဒေသတွင်းသတင်းတစ်ရပ်က ဖော်ပြထားသည်။
အဆိုပါဒေသတွင်းသတင်းဌာနတစ်ခု၏ ဖော်ပြမှုအရ ရခိုင်လူငယ်များကို ပြည်မနှင့် ပြည်ပသို့ တရားမဝင် ပို့ဆောင်ပေးနေသော ပွဲစားအဖွဲ့တစ်ဖွဲ့နှင့် ၎င်းသတင်းဌာနတို့ အဆက်အသွယ်ရရှိခဲ့ပြီး ၎င်းတို့ကို မေးမြန်းချက်အရ ၄ ကြိမ်မြောက်အထိ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုလူပွဲစားအဖွဲ့အနေဖြင့် နောက်ဆုံးပို့ဆောင်ပေးခဲ့သည့် အသုတ်တွင် အသက် ၁၈ နှစ်မှ ၃၀ အရွယ်ရှိ လူငယ်အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၆ ဦး စုစုပေါင်း လူဦးရေ ၃၁ ဦးပါဝင်သည်ဟု သိရပြီး ထိုသို့ တရားမဝင်ပို့ဆောင်နေသော လူပွဲစားအဖွဲ့ ၃ ဖွဲ့ထက်မနည်း ရှိနေသည်ဟုလည်း ဆိုထားသည်။
အကြမ်းဖက် AA က ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ရခိုင်လူငယ်များ ပြည်ပနှင့် ပြည်မသို့ ထွက်ခွာခြင်းခွင့် မပြုကြောင်းနှင့် အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အထိ အမျိုးသမီးများ၊ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အမျိုးသားများ AA ထံ စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်း မေလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ crd///



