ဇွန်လ ၉ ရက် ည ၇ နာရီချိန်ခန့်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီ-ဝါးနက်ချောင်းကားလမ်းမပေါ်တွင် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် ဖြတ်သန်းသွားလာနေသည့် ဝါဖူးအထည်ချုပ်စက်ရုံမှ ဝန်ထမ်းကြို/ပို့ယာဉ် ၁ စီး ထိမှန်ခဲ့ပြီး ဝန်ထမ်း ကျား (၁)၊ မ (၉)ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါသည်။
ဒဏ်ရာရရှိသူများမှာ -(၁) ဦးကျော်ရဲအောင်(၂) ဒေါ်မြမြဆင့်(၃) ဒေါ်ထွေးထွေးရီ(၄) မအိပိုပိုသက်(၅) မအေးမာထွန်း(၆) မဇင်မာသင်း(၇) မအိအိပြုံး(၈) မဝေနှင်းစိုး(၉) မလေးလေးနွယ်(၁၀) မနွယ်နွယ်ဝါတို့ဖြစ်ကြောင်းသိရှိရပါသည်။
-ပြည်သူကို နည်းမျိုးစုံဒုက္ခပေးနေတဲ့ အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်ပြီး ကြီးလေးသည့်ပြစ်ဒဏ် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။









