ဇွန်လ ၇ ရက်နေ့ (ယနေ့) မနက်ပိုင်းအချိန်တွင် ကတိုင်တိဒေသရှိ တပ်မတော်စခန်းအား လာရောက်တိုက်ခိုက်နေသည့် အကြမ်းဖက် KNLA/PDF သူပုန်များအား ကတိုင်တိဖိုက်တာများမှ နယ်မြေစတင်ရှင်းလင်းခဲ့သည်။
Drone ပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ မြေပြင်ယောင်ပြ/အဓိကစစ်ကြောင်းများဖြင့် ဟန်ချက်ညီညီ စစ်ကစားနိုင်မှုကြောင့် မိမိစခန်းအား နှောင့်ယှက်နေသည့် အကြမ်းဖက် KNLA စခန်းချနေရာများအား သိမ်းပိုက်ရရှိခဲ့သည်။
သိမ်းပိုက်ရရှိမှုအနေဖြင့် အမြင့်ဆုံးမှနေ၍ ကတိုင်တိမြို့ကို စိုးမိုးထားသည့် ရန်သူ့စခန်းကုန်း ၁ ခု၊ ကတိုင်တိတိုက်နယ် ဆေးရုံနေရာအား သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိကာ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KNU/PDF ၆ လောင်း
(၂) လက်နက်မျိုးစုံ ၇ လက်
(၃) ကျည်အိမ် ၁၄ ခု၊ ကျည် ၇၀၀ ခန့်
(၄) လက်ပစ်ဗုံး ၃ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး
(၅) လက်လုပ်မိုင်း ၇ လုံး၊ လက်နက်ကြီးကျည်များ
(၆) သဲအိတ်ဘန်ကာ ၁၂ လုံး
(၇) ဆသရမြောင်း ၇၀၀ မီတာခန့် တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။ (လိုင်းအခက်အခဲကြောင့် ကျန်ရှိပုံများ ထပ်မံဖော်ပြပေးပါမည်)
လေကြောင်းပစ်ကူမယူဘဲ ကတိုင်တိဒေသရှိ ငပွေးစခန်းကုန်းများကို သိမ်းပိုက်နိုင်ခဲ့သည့် ကတိုင်တိစခန်းမှ ဗျူဟာမှူးကြီးနှင့်တကွ ကတိုင်တိဖိုက်တာများအား ဂုဏ်ပြုဖော်ပြလိုက်ပါသည်။ 🏆🏆🏆













