တပ်မတော်စစ်ကြောင်းများ နောင်ချိုနှင့် ၇ မိုင်အကွာအထိရောက်ရှိလာပြီး ထိန်းချုပ်ထား

ဇွန်လ ၃ ရက်နေ့ နောင်ချိုဒေသအတွင်း အကြမ်းဖက်လုပ်ရပ်များနှင့် မိမိစစ်ကြောင်းများကို နှောင့်ယှက်တိုက်ခိုက်နေသည့် အကြမ်းဖက် TNLA စခန်းကုန်း ၃ ခုအား တောင်ခမ်းဖိုက်တာများက ညနေပိုင်းအချိန်တွင် သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ –

(၁) ရှောက်ချိုဘုန်းကြီးကျောင်းကုန်း
  – လက်လုပ်မိုင်း ၁၈ လုံး
  – ပစ်ကျင်း ၂၈ ကျင်း
  – ဘန်ကာများ/ ဆသရမြောင်းများအား မွန်းလွဲ ၃ နာရီတွင် သိမ်းပိုက်ရရှိခဲ့။

(၂) ရေဖြူရွာဘုရားကုန်း
  – မိုင်းမျိုးစုံ ၁၂ လုံး
  – ပစ်ကျင်း ၈ ကျင်း
  – ခဲယမ်း/ ဗုံးသီးများ အား နေ့လည် ၁၂ နာရီကျော်တွင် သိမ်းပိုက်ရရှိခဲ့။

(၃) ကံကြီးရွာကုန်း
  – အကြမ်းဖက် TNLA ၃ လောင်း
  – Type-81 သေနတ် ၂ လက်
  – ကျည်ဆန် ၁၀၀၀ ခန့်
  – လက်ပစ်ဗုံး ၅ လုံး၊ မိုင်း ၆ လုံး
  – ပစ်ကျင်း ၂၀ ကျင်း
  – ဘန်ကာ ၄ လုံး တို့အား ညနေ ၄ နာရီခွဲခန့်တွင် သိမ်းပိုက်ရရှိခဲ့သည်။

တပ်မတော်မှ အပစ်ရပ်စဲထားသော်လည်း စစ်ကြောင်းများကို စတင်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကို နှိပ်စက်ညှင်းပန်းခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူကို ကာကွယ်ရန်အလို့ငှာ အကြမ်းဖက် TNLA စခန်းကုန်းများအား တောင်ခမ်းဖိုက်တာများ သိမ်းပိုက်လိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *