၂၀၂၅ ခုနှစ်၊ မေလအတွင်း အကြမ်းဖက်လက်နက်ကိုင်များ ထိခိုက်သေဆုံးမှုစာရင်း

မေလအတွင်းမှာ တပ်မတော်အနေနဲ့ ရန်သူ့အလောင်း ၄၇၃ လောင်း (လက်ဝယ်ရ)၊ အရှင်မိရန်သူ ၈၁ ဦး၊ အမြင်မှန်ရလို့ အလင်းဝင်ရန်သူ ၂၀ ဦး ရှိပါတယ်။ ဒေသအလိုက် High light ထုတ်ဖော်ရမယ်ဆိုရင် မပခ(ကချင်)ဒေသ၊ နပခ(ရခိုင်)ဒေသနဲ့ နတခ(မြစ်ဝကျွန်းပေါ်)ဒေသတို့ပဲ ဖြစ်ပါတယ်။

ကချင်ဒေသကိုကြည့်မယ်ဆိုရင် ဗန်းမော်ကို (ဒု)ကြိမ် လာရောက်ဖျက်ဆီးတဲ့ အကြမ်းဖက် KIA/PDF/AA/ABSDF သောင်းကျန်းသူအဖွဲ့တွေဟာ စစ်ဦးကျိုးပြီး တမဟ ၂ ခုနဲ့ညီမျှတဲ့ သူပုန်တပ်ပေါင်းစု ၂၀၀၀ လောက် သေဆုံးသွားပါတယ်။ အခုဆိုရင် ဗန်းမော်မှာ ငြိမ်နေတာ ၃ ရက်လောက်ရှိပြီဖြစ်ပြီး ရန်သူစစ်ကူပို့နိုင်မယ့် ဖားကန့်၊ တာမခန်လမ်းကြောင်းကိုလည်း စစ်ကြောင်းများက ချုပ်ကိုင်ပိတ်ဆို့ထားပြီ ဖြစ်ပါတယ် (ဒါပေမယ့် ပေါ့ဆလို့မရပါ)။ လောလောဆယ်တော့ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသနဲ့ မြစ်ကြီးနားမှာတော့ ရေကြီးနေလို့ တပ်မတော်က ကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်။

နောက်တစ်ခုက ကျောက်ဖြူဒေသပါ.. ဗန်းမော်မှာ KIA တွေ စိတ်ဓာတ်ကျပြီး အရှုံးကြီးရှုံးနေလို့ ကျောက်ဖြူကို အကြမ်းဖက် AA အဖွဲ့က ဖိအားပေးပြီး စစ်မျက်နှာ ပြောင်းချင်နေပါတယ်။ ကျောက်ဖြူက စိုးရိမ်စရာအနေအထားမရှိပါ။ ရန်သူရဲ့ ရေခတောင်စခန်းကို ရရှိပြီးနောက်ပိုင်း ကိုယ့်ဘက်က အောင်မြေချဲ့နေလို့ ထိတွေ့တိုက်ပွဲ ခပ်စိတ်စိတ်ဖြစ်နေရတာပါ။ ကျောက်ဖြူဒေသမှာဆိုရင် Drone တွေလည်း အားရစရာပါပဲ။ ရခိုင်ဒေသမှာ AA ကို ပြန်လည် ဦးနှိမ်ထားပြီးဖြစ်သလို ရခိုင်လူမျိုး ယောက်ျားသား မကျန်တော့ဘဲ အမျိုးသမီးတွေကိုပါ AA အဖွဲ့က ပေါ်တာဆွဲလူသစ်စုနေလို့ တောင်ပိုင်းသား ရခိုင်တွေကလည်း အသံတွေ ထွက်လာကြပါပြီ။ ထွန်းမြတ်နိုင်အနေနဲ့ ဆက်ပြီး မိုက်တွင်းနက်နေရင် ရခိုင်အမျိုးပြုတ်သွားမှာဖြစ်ပြီး PDF/ MNDAA အဖွဲ့တွေ ပါဝင်တိုက်ခိုက်နေရတာ မျက်မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ထူးခြားတာက နတခ(ဧရာဝတီ)ဒေသပါ.. အဲ့ဒေသမှာ အလင်းဝင် ၁ ယောက်ရှိပြီး တိုက်ပွဲတွင်းမှာ အကြမ်းဖက် AA/PDF ၄၁ ယောက်ရှိပါတယ်။ လုပ်ငန်းသဘောအရ အရှင်မိတွေကို မဖော်ပြတော့ပါ။ အခုချိန်မှာ ဧရာဝတီတိုင်းထဲကို ကျူးလာတဲ့ AA နဲ့ အပေါင်းအပါများဟာ ရေကြည်- မြောက်စမ်းဘက်မှာ ဆုတ်ခွာထွက်ပြေးနေရပါပြီ။ ဒါတွေဟာ ဖြစ်စဉ်အမှန်တွေပါ.. ချဲ့ကားရေးထားခြင်းမရှိပါ။ ပြည်ဖျက်မီဒီညာကတော့ ငသိုင်းချောင်းဘက်မှာ စစ်တပ်က မြေကျင်းတူးပြီး ရှော့တိုက်တယ် လို့ ဖော်ပြနေကြတယ်။ ခေတ်ပညာတတ်သူ တစ်ယောက်ဆိုရင် ဟုတ်/မဟုတ် စဉ်းစားကြည့်ကြပါ။

ဆိုချင်တာကတော့ အစိုးရက ယာယီအပစ်ရပ်အမိန့်ကို ထပ်တိုးထားပေမယ့်လည်း မိမိတပ်တွေကို လာရောက်တိုက်ခိုက် နေတဲ့ အကြမ်းဖက်သူပုန်တွေကို တုံ့ပြန်ရန်အခွင့်အရေးအရ ပြတ်ပြတ်သားသား တုံ့ပြန်ချေမှုန်းရမှာပါပဲ။

အခုဆို ရခိုင်ဘက်မှာ လေယာဉ်တွေ အုပ်လိုက်သုံးပြီး ချေမှုန်းနေလို့ ပြည်သူအများအပြား ပျော်ရွှင်နေကြရပြီဖြစ်ပါတယ်။

တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)

Leave a Reply

Your email address will not be published. Required fields are marked *