ဇွန် ၁ ရက် တနင်္ဂနွေနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-အမေရိကန် အဆိုပြု သော ငြိမ်းချမ်းရေးကမ်းလှမ်းချက် အစ္စရေး လက်ခံ ပြီး ဟားမာ့စ် က ပယ်ချသည် ။

-ရုရှား ၏ ငြိမ်းချမ်းရေးအဆိုပြုချက်မူကြမ်း ဆိုသည်ကို ခုထိ လက်ခံရရှိခြင်းမရှိသေးဟု ဇလန်းစကီး က ပြောသည် ။

-အမေရိကန်ရှိအဆင့်မြင့်နည်းပညာတက္ကသိုလ်များ၌ တရုပ်ကျောင်းသားများပညာသင်ခွင့်ကို ကန် နိုင်ငံခြားရေးဌာနက ပိတ်ပင်လိုက်သည် ။

-လန်ဒန်မြို့ မြန်မာပိုင် သံအမတ်နေအိမ်မှဖယ်မပေး၍ တရားစွဲခံရသူ NLD ခန့်သံအမတ်ဟောင်း ကျော်စွာမင်း ကို ပထမအကြိမ်ရုံးထုတ်စစ်ဆေးသည်။

-ဘုရင်စနစ်ဖျက်သိမ်းခဲ့သော နီပေါနိုင်ငံတွင် ဘုရင်ပြန်လာပြီး တိုင်းပြည်ကိုကယ်တင်ပေးရန် လူ သောင်းချီ ဆန္ဒပြခဲ့သည် ၊ ဘုရင် သည် လက်ရှိအာဏာရပါတီအကျင့်ပျက်များထက် ပိုကောင်းသည်ဟု ဆန္ဒပြသမားများကဆိုသည် ။

-ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပိုစ် သတင်းစာပါ ဇင်မာအောင်၏ ဆောင်းပါးတွင် စစ်တပ်သည် နိုင်ငံ၏ ၂၅%သာထိမ်းချုပ်နိုင်တော့ကြောင်း စစ်တပ်ကို တစ်ယောက်မကျန်ရှင်းလင်းရန်ဆန္ဒမရှိကြောင်း ၊ ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရလက်အောက်ကို ပြန်ပို့ရန်သာ ရည်ရွယ်ကြောင်း ၊ NUG သည် အနောက်အုပ်စုလက်ပါးစေမဟုတ်၍ တရုပ်နှင့်ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ရေးထားသည် ။

ပြည်တွင်းထူးခြားသတင်းများ

-ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင် ရေတပ်ပျောက်ကြား ဝတ်စုံဝတ် လူ ၄ ဦးက သေနပ်အတု ဖြင့် ဒါးမြတိုက်ရာ သိန်း ၆၀ ပါသွားပြီးနောက် ဝိုင်းဖမ်း၍ ၂ ယောက်မိသည် ။

-ပခုက္ကူ ကမ္မမြို့အနီး PDF စခန်း ၊ တပ်စစ်ကြောင်းကသိမ်းပိုက်ရှင်းလင်းစဥ် ယမ်းမှုံ့များ ခဲယမ်း အများအပြား နှင့် ဆိုင်ကယ်များ မီးစက်များ ရရှိခဲ့သည်။

-ကျောက်ဖြူတွင် AA သူပုန် တို့ အင်အားဖြည့်တင်းနေသည် ။

-စစ်ကိုင်းတွင် ဆေးရုံ နှင့် စျေး ဆောက်လုပ်လှူဒါန်းရန် တရုပ်သံအမတ်ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တွေ့ဆုံသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် –

ငလျင်ဘေးသင့်နယ်မြေများစီးပွားရေးနလံထူလာရန် အတိုးနှုံးသက်သာစွာဖြင့် SME လုပ်ငန်းများကို ကျပ် ဘီလျံ ၇၀၀ ထုတ်ချေးမည်ဟု နိုင်ငံတော်အကြီးအကဲကပြောသည် ။

Leave a Reply

Your email address will not be published. Required fields are marked *