-ထိုင်းနိုင်ငံသည် နိုင်ငံခြားသားများ ဘဏ်အကောင့်ဖွင့်ခွင့်ကို ပိတ်ပင်လိုက်ပြီးဖွင့်ပြီးသားအကောင့်များကိုလည်း ထိန်းချုပ်ခဲ့သည် ။
-တောင်ကိုးရီးယားလေတပ်၏ P-3 ကင်းလှည့်လေယာဥ် ပိုဟန်မြို့အနီးတောင်စောင်းတွင်ပျက်ကျပေါက်ကွဲမီးလောင်၍ ပါလာသူ ၄ ဦးလုံးသေဆုံးသည်။
-တောင်အာဖရိကတွင် မူးယစ်ဆေးစွဲနေသူ အသက် ၃၅ နှစ်အရွယ်မိခင်က ၆ နှစ်အရွယ်သမီးရင်း၏ မျက်လုံး နှင့် အရည်ခွံ အတွက် တိုင်းရင်းဆေးဖော်သူကို တောင်အာဖရိက ငွေ ၂၀၀၀၀ ဖြင့် ရောင်းချလိုက်ကြောင်း သိရပြီးနောက် ထောင်ဒဏ်တသက် ချလိုက်သည်။
ပြည်တွင်းထူးခြားသတင်းမှာ
-မုတ္တမကမ်းလွန်လုပ်ကွက် ၁၀ တွင် ရေနံ/ဓါတ်ငွေ့ ထုတ်ရန် ထိုင်းမြန်မာစာချုပ်ချုပ်ကြောင်း ကြေးမုံသတင်းစာ၌ဖော်ပြသည်။
-ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာကိုလာတိုက်သော KNDF သူပုန်တို့အကျအဆုံးများ၍ ဆုတ်ခွာသွားသည် ။
-လိုင်ဇာ ရှိ KIA ဌာနချုပ်ရှေ့ကာကင်း မိုင်စဖာ နှင့် ဆီဟတ် စခန်းများ ဗုံးကြဲခံရသည်။
-မိုးကုတ် ဂေါက်ကွင်း တွင် ပလောင်သူပုန်တို့ ကျောက်တူးနေရာ ကလပ်ချိန် ထောင်ကျော်ရှိသော အလွန်တန်ဘိုးရှိ ပတ္တမြားကြီးတစ်လုံး ရရှိသွားကြောင်း ကောလဟလ ထွက်ပေါ်သည် ။
-ဒီပဲယင်း မိုးကြီး၍ ပဲတီစိမ်း ဧက ထောင်ချီ ရေမြုပ်ပျက်ဆီးသည် ။
ပြည်ထောင်စုနယ်မြေ နေပြည်တော်
-လယ်ဝေး တွင် ငွေကျပ် ၆.၃၅ ဘီလျံတန် ဘိန်းဖြူ ၁၃၄ ကီလို ၊ ဆေးပြား ၁၉.၉ သိန်း၊ ကား ၂ စီး၊ လူ ၆ ဦးဖမ်းမိသည် ။
-မင်္ဂလာသီရိဟိုတယ်၌ပြုလုပ်သော Rebuilding Myanmar ; post Eartquake Economic Recovery အခန်းအနားတွင် နိုင်ငံတော်အကြီးအကဲ မိန့်ခွန်းပြောခဲ့ပါသည်။
