ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များ မေလ ၂၈ ရက်နေ့ မနက် ၅ နာရီခွဲမှာ နှစ်နိုင်ငံနယ်စပ် Chong Bok နယ်မြေနားမှာ နှစ်ဖက်တပ်တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရတယ်။
ဖြစ်စဉ်က နှစ်နိုင်ငံပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နယ်မြေမှာ ကမ္ဘောဒီးယားနဲ့ ထိုင်းတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ သိရသလို Bloomberg သတင်းဌာနကတော့ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
ဗီဒီယိုကတော့ ထိုင်းတပ်ဖွဲ့ဝင်များအား ကမ္ဘောဒီယားနယ်စပ်သို့ စစ်ကူစေလွှတ်နေတဲ့ ဖိုင်ပဲဖြစ်ပါတယ်။
