မေ ၂၆ တနင်္လာ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြာသတင်းများ

-အစ္စရေး၏ထောက်ပံ့မှု့သည် ဂါဇာ ရှိလူ ၂ သန်းကျော်အတွက် လဘက်ရည်တစ်ဇွန်းစာသာရှိကြောင်း ဂူတာရက် က ပြစ်တင်လိုက်သည်။

-ယူကရိန်း- ရုရှား သုံ့ပန်း ၃၀၇ ဦးစီ လဲလှယ်ခဲ့ပြီး ၂၀၀၀ အထိ လဲမည်ဟုသဘောတူထားသည် ။

-ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ် က ၂၀၂၆ ဂျွန် လ တွင် လုပ်ပေးမည့်ရွေးကောက်ပွဲအား ၆ လ စော၍ လာမည့် ဒီဇင်ဘာလ၌ပြုလုပ်ပေးရန် ဘင်္ဂလားဒက် နိုင်ငံရေးပါတီများက တောင်းဆိုနေကြသည်။

-ယ္ခင်နှစ်များက PDF များလက်နက်ဝယ်ရန်ထောက်ပံ့ခဲ့သော အမေရိကန်ရောက်မြန်မာပြည်ပြေးအုပ်စု၏ ပြည်သူ့ဂုဏ်ရည် ဆိုသည့် ဒေါ်လာ ၁ သောင်း ဆုအား ယခုနှစ်အတွက် ဒေါ်စုကြည်ကိုပေးရာ သူ့သားကလာယူသွားသည် ။

-၂၀၀၄ ခုနှစ်က အမေရိကန် ဘာ့ဂ် တက္ကသိုလ်မှစီးပွားရေးဘွဲ့ရခဲ့သူ ဦးဘိုဘိုငယ်အား ၎င်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင် “လက်ပရိုဆီ” ဘွဲ့ပေးလိုက်သည် ၊ ဦးဘိုဘိုငယ်သည် NLD လက်ထက် ဗဟိုဘဏ်ဒုဥက္ကဌတာဝန်ထမ်းဆောင်စဥ် နိုင်ငံ့ဘဏ္ဍာငွေ ဒေါ်လာသန်း ၁ ထောင်အား အမေရိကန်ဘဏ်သို့လွှဲပေးခဲ့မှု့၌ အဓိကတာဝန်ရှိ၍ လာဘ်စားမှု့ဖြင့် ထောင်ကျနေသည် ။

ပြည်တွင်းထူးခြားသတင်းများ

-တောင်ငူအနီး အမြန်လမ်း ၁၄၆/၁၄၇ အရှေ့ခြမ်း ဓါတ်အားခွဲရုံ PDF ဝင်တိုက်၍ အနီးရှိ စပါးကြွေရွာ ပြည်သူတစ်ထောင်ကျော် တောင်ငူမြို့ပေါ်ဘုန်းကြီးကျောင်းများသို့ခိုလှုံရောက်ရှိလာသည် ။

-လူသစ်စုဆောင်းမှု့ကိုမကြေနပ်၍ဆန္ဒပြသော တောင်ကုတ်မြို့နယ် တန်းလွှဲ ၊ ဆားပြင် ၊ လမုမော် ကျေးရွာများမှ ရွာသား ၄၀ ကျော် ကို AAသူပုန်တို့ဖမ်းထားသည် ။

-မြေနီပေါက်ရွာအနီး ဘော်လခဲ ရှေ့ကာကင်း စခန်း ကယားသူပုန်လာတိုက်ရာ ၎င်းတို့ ၆ ဦးသေပြီး ပြန်ဆုတ်သွားသည် ။

-ဝက်လက်မြို့နယ် တမာကုန်းရွာ PDF အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် CDM ရှေ့နေ မျိုးအောင် နှင့် နှမ ဖြစ်သူတို့ကို အချင်းချင်းမကြေနပ်၍ အသတ်ခံရသည်။

-တောင်ကြီး မော်လမြိုင်တို့တွင် လိုင်စင်မဲ့ကား/ဆိုင်ကယ်များ ရာချီ ဖမ်းမိသည်။

Leave a Reply

Your email address will not be published. Required fields are marked *