မေလ ပထမပတ်အတွင်းက ဧရာဝတီတိုင်း ငွေဆောင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာတဲ့ ခရီးသည်ယာဉ်ကို ထန်းတပင်မြို့ X-Ray စစ်ဆေးရေးဂိတ်၌ လုံခြုံရေးအဖွဲ့ကစစ်ဆေးရာ ယာဉ်ပေါ်တွင် တရားခံပြေး ဧရာဝတီ သေမင်းတမန် အကြမ်းဖက်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
ဧရာဝတီ သေမင်းတမန် အကြမ်းဖက်ခေါင်းဆောင် တာဝန်ယူထားသည့် မှိုင်းဝေ(ခ) စေတန်(၂၇) နှစ်၊ ငွေဆောင်မြို့၊ အမှတ်(၁) ရက်ကွက် ဟိုတယ်၌ ဟိုတယ်ဝန်ထမ်းလုပ်ငန်း လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
အဆိုပါ အဖွဲ့၏ ရုံးတာဝန်ထမ်းဆောင်သည့် စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးသည် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဘေးပေါက်ကျေးရွာအုပ်စု၊ မြစ်ကြိုးကြီးရွာ၌ နေထိုင်ခဲ့သူ ဂျန်ဂျယ်နီ(ခ)စင်သီတာ (၂၀) နှစ်တို့ ဖြစ်သည်။ ဂျင်ဂျယ်နီသည် ရွေပြည်သာမြို့ရှိ အထည်ချုပ်စက်ရုံ၌ ဝန်ထမ်းလုပ်ကိုင်ပြီး အကြမ်းဖက်အဖွဲ့၌ ပါဝင်ခဲ့သူ ဖြစ်သည်။
ဧရာဝတီ သေမင်းတမန် အကြမ်းဖက်ခေါင်းဆောင် မှိုင်းဝေနှင့် ဂျင်ဂျယ်နီကို ငွေဆောင်မြို့နယ်ရဲစခန်းမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊၅၂(က)ဖြင့် အမှုဖွင့်ထားပြီးနောက် ၎င်းတို့ နှစ်ဦးသည် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် မေလ ပထမပတ်အတွင်းက ထန်းတပင်မြို့ X-Ray စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးနိုင်ခဲ့သည်။
#PeopleMedia