တပ်မတော်သား တစ်ဦးရေးသားပေးပို့လာတဲ့ ပြည်ချစ်သားအတွက် သဝဏ်လွှာ ကဗျာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ စစ်သည်မိသားစုဝင်များအနေဖြင့် မိမိတို့ရေးသားပေးပို့လိုတဲ့ စာလေးတွေရှိရင်လည်း ပေးပို့နိုင်ပါတယ်ခင်ဗျာ။
ရဲဝံ့စွန့်စား ပြည်ချစ်သား
ယောကျာ်းကောင်းပျော်
တပ်မတော်တွင်
ကျွန်တော်မွေ့လျော်နေပါသည်။
သုံးပါးအရေး အသက်ပေး
မနှေးရွက်ဆောင် ပြည်ချစ်မောင်
လူ.ဘောင်ကောင်းရေး ဖျင့်မနှေး
သွေးချွေးနှင်းဆက် ဓိဌာန်ချက်ဖြင့်
ငါ.ဟဲ.တစ်ကောင်ဘွား.. ပြည်ချစ်သား
စွန့်စားမြဲပျော် တပ်မတော်တွင်
ကျွန်တော်မွေ့ပျော်နေပါသည်။
ထိုလူစွန့်စား ပြည်ချစ်သားက(pct)
ကျောသားရင်သား မခွဲခြားပဲ
သနားငဲ့ညှာ ကရုဏာနှင့်
မေတ္တာရှေ့ထား ရင်နင့်ဖွားလို
မခြားခွင့်ရေး ဆောင်ရွက်ပေးသည့်
ရဲဝံစွန့်စား ပြည်ချစ်သားကို
စကားဖွင့်ဆို ပြောပြလိုသည်..
သည်လိုမြဲသာ ဆောင်ရွက်ပါက
ငါ၏အသက့် ဖက်ရွက်ဖြစ်စေ
ကြွေပါစေ….
ငါလေစစ်သားဖြစ်သောကြောင့်