ထိုင်းဖက်တရားမဝင်ကူးသည့် မြန်မာ ၉ဦး အဖမ်းခံရ

တာ့ခ်ခရိုင်၊ဖေါ့ဖရာရှိ ကျေးရွာ အမှတ် ၃ အနီးတွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ မှောင်ခို သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို မေလ(၁၈)ရက် နေ့လယ်ပိုင်းက ရာချာမန်နု အထူးတပ်ဖွဲ့မှစစ်သည်များက ရှောင်တခင်စစ်ဆေးခဲ့ရာ အသက် ၁၉ နှစ်မှ ၃၆ နှစ်ကြား မြန်မာနိုင်ငံသား ကိုးဦးကို ထိုင်းယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ယာဉ်မောင်းက Ban Mor Ker Thai နယ်စပ်နားမှ မြန်မာနိုင်ငံသားများအား သိုဝှက်သယ်ဆောင်ပေးကြောင်း ဝန်ခံခဲ့ပြီး Phop Phra ခရိုင် Khiri Rat ကို ပို့ဆောင်ဖို့ လုပ်ဆောင်ခဲ့ကြောင်းဆိုသည်။ ထိုမှတဆင့်ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသများတွင် အလုပ်အကိုင်ရှာဖွေရန် ရည်ရွယ်ထားသောရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်းသိရသည်။

စစ်သည်များက ဖမ်းဆီးခံထားရသူအားလုံးကို Phop Phra ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *