မေလ ၁၇ ရက် စနေနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ဂါဇာသို့ အင်အားအလုံးအရင်းနှင့်ဝင်ရောက်တပ်စွဲရန် အသင့်ဖြစ်နေပြီဟု အစ္စရေးကပြောသည်။

-ယူကရိန်း၏ F_16 တိုက်လေယာဥ်တစ်စီး ရုရှားတို့ပစ်ချနိုင်ခဲ့သည် ။

-အိန္ဒိယနိုင်ငံအတွင်းနယ်စပ်မှတဆင့် ခိုးဝင်လာသောရာနှင့်ချီသည့် ဘင်္ဂလီ များကို အိန္ဒိယအစိုးရက မောင်းထုတ်ခဲ့သည် ၊ ထို့ပြင် မြန်မာနယ်စပ် မဏိပူရ ပြည်နယ် ၌ ခိုလှုံနေသော ချင်းသူပုန် ၁၀ ယောက်ကိုလည်း အာသံရိုင်ဖယ် တပ်က သုတ်သင်၍လက်နက်များပါသိမ်းဆည်းရမိကြောင်း သိရသည်။

-ထိုင်းတွင် ငလျင်ကြောင့်ပြိုကျခဲ့သော ဆောက်လက်စ စာရင်းစစ်ချုပ်ရုံး တည်ဆောက်ရေးတွင်ပါဝင်ပါတ်သက်သူ အီတာလျံထိုင်းကုမ္ပဏီ ဥက္ကဌ အပါအဝင် ၁၇ ဦးအား အရည်အသွေးမမှီသောပစ္စည်းသုံးမှု့အတွက် ဝရမ်းထုတ်ဆင့်ခေါ်ခဲ့ရာ ၁၅ ဦး လာအဖမ်းခံပြီး ခရီးလွန်နေသော ကျန် ၂ ဦးမှာလည်း လာအဖမ်းခံပါမည်ဟု ဖုံးဆက်ပြောကြောင်းသိရသည်။

-တောင်အာဖရိက မှ လူဖြူ ၅၉ ဦးသည် လူများစုဖြစ်သော လူမဲ များ၏ ခွဲခြားဆက်ဆံခြင်းကိုခံရ၍ဟုဆိုကာ အမေရိကန်နိုင်ငံကခိုလှုံခွင့်ပေးခဲ့ခြင်းအပေါ် “ဘယ်လိုဆက်ဆံ ခံ ခဲ့ရတာလည်း” ဟု တောင်အာဖရိကအစိုးရကမေးခွန်းထုတ်လိုက်သည်။

ပြည်တွင်းထူးခြားသတင်းများ

-UWSA ဝ , KIA ကချင် , MNDAA ကိုးကန့် , TNLA ပလောင် , AA ရခိုင် , SSPP ရှမ်း , NDAA မိုင်းလား ၇ ဖွဲ့၏သူပုန်ခေါင်းဆောင်များ ပန်ဆန်း တွင် လှို့ဝှက်တွေ့ဆုံခဲ့ကြကြောင်းသတင်းထွက်ပေါ်သည်၊ ယ္ခင်ကလည်း ၎င်း ၇ ဖွဲ့ တွေ့ဆုံပြီးနောက် ၁၀၂၇ ခေါင်းစဥ်ဖြင့် တိုက်ကွက်ဖော်မှု့ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်၍ သတိထားစောင့်ကြည့်ရန်လိုအပ်နေသည်။

-နေထက်လင်းဆိုသူဦးဆောင်သော ကျား ၁၅ မ ၂ ပေါင်း ၁၇ ဦးပါ ဓါမြအဖွဲ့အားပစ္စတို ၄ လက် ၊ ကား ၃ စီး ၊ ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းမိသည် ၊ ၎င်းတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များအယောင်ဆောင်၍ ကားလုခြင်း ၁ ကြိမ် ၊ရွှေဇာမဏီ အပါအဝင် ရွှေဆိုင်ဓါမြတိုက်ခြင်း ၄ ကြိမ် ၊ နေအိမ် ၊ အထည်ဆိုင် ၊ ဖုံးဆိုင်များအား ဓါမြတိုက်ခြင်းတို့ကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြသည် ။

-AA ရခိုင်သူပုန်ထောက်ပို့ခေါင်းဆောင် နေပိုင်လင်း ပါ ဂွင်းဆက်တရားခံ ၂၆ ဦးအား မလေးရှားပို့မည့်အားမာန်သစ် စက်လှေနှင့်အတူ ဖျာပုံ အနောက်ဖက် မိုင် ၆၀ ကွာပင်လယ်ပြင်တွင် ICE ၄၀၉၃ ကီလို ၊ ကက်တမင်း ၃၀၀၀ ကီလို စုစုပေါင်းကျပ်ငွေ ၃၈၂.၃၂၅ ဘီလျံ ဘိုးဖမ်းမိသည်၊ ရရှိသောငွေများကို လက်နက်ဝယ်မည်ဟု ထွက်ဆိုခဲ့သည် ။

-တစ်နိုင်ငံလုံးပြိုင်မည်ဆိုသော ၉ ပါတီအနက် ၃ ပါတီသာ သတ်မှတ် ရုံးခန်းဖွင့်နိုင်သေးကြောင်း ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတွင်သာယှဥ်ပြိုင်မည့် ၄၅ ပါတီအနက် ၁၉ ပါတီသာ သပ်မှတ် ရုံးခန်းဖွင့်နိုင်သေးကြောင်း ၊ နယ်မြေမအေးချမ်းသေးသော ရခိုင် ၊ ချင်း ၊ ကယား တို့တွင် အခြားနေရာ၌ ကိုယ်စားရုံးများ တွဲဖက်ဖွင့်လှစ်နိုင်ကြောင်း UEC မှ ထုတ်ပြန်သည် ။

ပြည်ထောင်စုနယ်မြေ နေပြည်တော် –

-ပျဥ်းမနားတွင်ဖမ်းမိသော ကျပ် ၁၁.၉ ဘီလျံ တန် မူးယစ်ဆေးဂွင်းဆက်အဖြစ် မကွေးတိုင်း မင်းလှမြို့နယ်တွင် ကျပ် ၄.၃၆ ဘီလျံ တန် မူးယစ်ဆေးများနှင့် ကား ၂ စီးလူ ၄ ယောက်ထပ်မိခဲ့သည် ။

Leave a Reply

Your email address will not be published. Required fields are marked *