ဧပြီလ ၅ ရက်နေ့မှာတော့ တပ်မတော်ဘက်မှ မင်းခေါင်စစ်ကြောင်းအမည်နဲ့ လေကြောင်းချီအင်အားဖြည့် တပ်တွေ ရောက်လာခဲ့ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် လေကြောင်း ဗုံးကြဲမှုတွေ သိသိသာသာပြင်းထန်လာပြီး ဗန်းမော်မြို့ခံ ရှမ်းနီလူမျိုးများရဲ့ သတင်းပေးပို့ချက်အရ KIA တို့ အခြေပြုတဲ့ နေရာတွေကို တိုက်ရိုက်ထိမှန်နေလို့ KIA တပ်ဖွဲ့ဝင်တွေ အကျအဆုံး အလွန်များနေတယ်လို့ သိရပါတယ်…
တပ်မတော်က Drone စစ်ဆင်ရေးမှာ အားသာနေပြီး Night Version သုံး အဆင့်မြင့် Drone တွေနဲ့ ကင်းထောက် တာတွေ/ Drop ဗုံးချတိုက်ခိုက်တာတွေ ပြုလုပ်လျက်ရှိပါတယ်… တပ်မတော်ဘက်က သတင်းများမှာလည်း KIA/PDF များရဲ့ အလောင်းလက်နက်ပုံများကို အဆက်မပြတ်မြင်တွေ့ နေရပြီး KIA ထောက်ခံလော်ဘီအကောင့်များမှာတော့ ကချင်အချင်းချင်းဆဲဆိုမှုတွေနဲ့ KIA ခေါင်းဆောင်များအပေါ် မကျေမနပ် ပေါက်ကွဲသံတွေကို ကြားနေရ ပါတယ်…
KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ၊ လိုင်စင်ပို့စ်၊ မိုင်ဂျာယန်တို့မှာတော့ တိုက်ပွဲကျ KIA တပ်ဖွဲ့ဝင် မိသားစုတွေရဲ့ ငိုကြွေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပြီး အညာသား PDF တွေကတော့ အသိတရားရပြီး KIA အတွက် အသက်စွန့် တိုက်ပွဲမဝင်ကြတော့ဘဲ အညာမြေကိုပြန်လည် ထွက်ပြေးနေကြကြောင်း ကြားသိရပါတယ်…
မေလ ၇ ရက်နောက်ဆုံးရ မြေပြင် သတင်းများအရ တပ်မတော်က မြို့တွင်းရှိ KIA များအား လိုက်လံရှင်းလင်း တိုက်ခိုက်နေပြီး လေကြောင်းချီတပ်များ ထပ်မံအင်အားဖြည့်တင်းလျက်ရှိပါတယ်…
တိုက်ပွဲသတင်းစုံ