၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး KIA အဖွဲ့ဟာ PDF အင်အားအများအပြားကို အသုံးပြု ကာ ပထမအကြိမ် ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စကစတပ်များက အဆင့်မြင့် Drone များ အများအပြားအသုံးပြုတဲ့အပြင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများဖြင့် ကြံ့ကြံ့ခံခုခံတိုက်ခိုက်ခဲ့ တာကြောင့် KIA/PDF တို့ အထိအခိုက် အကျအဆုံးများခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ လောက်မှ ထိုးစစ် ရပ်တန့်ခံခဲ့ပါတယ်…
အဲ့ဒီ ပထမအကြိမ်ထိုးစစ်မှာ KIA တပ်မဟာ ၄ ကို အသုံးပြုခဲ့ပြီး စစ်ကိုင်းတိုင်းထဲက PDF အင်အား ၁၀၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ရာ KIA/ PDF အင်အား ၆၀၀၀ နီးပါးခန့် ထိခိုက်/သေဆုံး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်…
သေဆုံးတာတွေများပြီး လူအင်အားနည်းသွားတော့ KIA တွေက ကချင်ပြည်နယ်အတွင်းရှိ ဂျိမ်းဖောလူမျိုးများသာမက သူတို့ထိန်းချုပ်ထားတဲ့နယ်မြေထဲက ဗမာ/ရှမ်းနီနဲ့ ကချင်မျိုးနွယ်စု လူငယ်တွေကိုပါ အတင်းအဓမ္မ လူသစ်စုဆောင်းပြီး ဗန်းမော်မြို့ထိုးစစ်ကို ဒုတိယအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ ဒုတိယအပတ်ကနေစပြီး ထပ်မံတိုက်ခိုက်ခဲ့ပါတယ်…
ဒုတိယအကြိမ်ထိုးစစ်မှာတော့ အညာသား PDF တွေ အင်အားနည်းသွားပြီး ကချင်ပြည်နယ်အတွင်းရှိ ရခိုင်လူမျိုးတွေက AA တပ်ဖွဲ့အဖြစ် ဝင်ရောက်တိုက်ခိုက်ပေးလျက်ရှိတာကို တွေ့ရပါတယ်…
ထူးခြားချက်ကတော့ AA ပါဝင်လာတာနဲ့အမျှ သူတို့ကျင့်သုံးနေကျ နည်းလမ်းတစ်ခုဖြစ်တဲ့ တိုက်ပွဲဝင် စစ်သားတို့ကို မူးယစ်ဆေးဝါးကျွေးပြီး တိုက်ခိုက်စေတာဖြစ်ပါတယ်.. အဲ့ဒီဆေးက ရာမလိုမျိုး စိတ်ကြွ ဆေးမဟုတ်ဘဲ အစာခံပြီး ကြောက်ရွံ့စိတ်မဖြစ်စေနဲ့ ဆေးတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်…
ဒုတိယအကြိမ်ထိုးစစ် ၁ လနီးပါးရှိလာချိန်မှာ KIA + AA +PDF တွေ အထိနာနေပြီး ဗန်းမော်မြို့ထဲကို တပ်အချို့ ရောက်နေတယ်ဆိုပေမယ့် အရေးကြီးတဲ့ တပ်ဌာနချုပ်နေရာတွေ၊ မြို့တွင်းအချက်အခြာ နေရာတွေကို သိမ်းပိုက်နိုင်တာ မရှိဘဲ တိုက်ပွဲဝင် KIA တပ်ဖွဲ့များ စိတ်ဓာတ်မကျစေဖို့အတွက် သတင်းအတု/သတင်းအမှားတွေကိုသာ ဖန်တီးထုတ်လွှင့် နေတာကို တွေ့ရပါတယ်…
ဆက်ရန်…