နိုင်ငံတကာထူးခြားသတင်းများ
-မူးယစ်ဆေးနှိမ်နင်းရန် အမေရိကန်စစ်တပ် စေလွှတ်ပေးမည်ဟုကမ်းလှမ်းချက်ကို မက္ကဆီကိုသမ္မတကပါယ်ချခဲ့သည်။
-ယီမင်အခြေစိုက် ဟူသီတို့ပစ်ခတ်လိုက်သော အဆင့်မြင့်ဒုံးကျည်တစ်စင်းသည် တဲအဗစ်ရှိ ဘင်ဂူရီယန် လေဆိပ်၌ ကျရောက်ပေါက်ကွဲခဲ့၍ အစ္စရေး လေကာစနစ် ကို ပြန်စစ်ဆေးရမည်ဟုဆိုသည် ။
-ရှေးသမိုင်းတွင်အိန္ဒိယကို အောင်နိုင်ခဲ့သောမွတ်ဆလင်စစ်သူကြီး အဒ္ဒါလီ ၏ အမည်ပေးထားသော ကီလိုမီတာ ၄၅၀ အထိရောက်သည့် အဆင့်မြင့်ဒုံးကျည်တစ်စင်းကို ပါကစ္စတန် ဘလူချီစတန် သဲကန္တာရ၌ စမ်းသပ်ခဲ့သည် ။
-စစ်ရေးပြပွဲကျင်းပမည့် မော်စကို ရင်ပြင်နီသို့ဦးတည်ပျံသန်းလာသော ယူကရိမ်း ဒရုံး ၄ စင်းကို ရုရှားတို့ပစ်ချနိုင်ခဲ့သည် ။
-အမေရိကန် အဆိုတော် လေဒီဂါဂါ ဖြေဖျော်နေသည့် ဘရာဇီး နိုင်ငံစတိတ်ရှိုးကို ဗုံးခွဲရန်ကြံသူ ၂ ဦး ဖမ်းမိခဲ့သည် ။
-အင်္ဂလန်၌ဗုံးခွဲရန်ကြံသူ အီရန် ၅ ဦး ဖမ်းမိသည် ။
-ဂါဇာစစ်ပွဲတိုးချဲ့ရန် အရန်တပ်သား သောင်းချီ၍ အစ္စရေးခေါ်ယူခဲ့သည် ။
-အမေရိကန် ၏ USAID ဖြတ်တောက်လိုက်၍ ၂၀၂၂ကပြဌာန်းခဲ့သော Burma Act အရ ပေးရမည့် ဒေါ်လာ ၁.၁ ဘီလျံ ရပ်တံ့ခဲ့သည် ၊ ထိုအထဲတွင် မီဒီယာ ၄၅ သန်း ၊ ဒုက္ခသည် ၂၅၉ သန်း နှင့် ကျန်ငွေများမှာ EAOs များအတွက်လျာထားခဲ့ကြောင်းသိရသည် ။
-အိန္ဒိယတွင် ဘွဲ့လက်မှတ်အတု ဖြင့် မဟာတန်းတက်နေသော မြန်မာ ကျောင်းသား ၆ ဦး ဖမ်းမိသည် ။
ပြည်တွင်း ထူးခြားသတင်းများ
-ဗန်းမော်တိုက်ပွဲပြင်းထန်နေပြီး ဆွေးနွေးပွဲပျက်ပြီးနောက် ပလောင်သူပုန်ရှိရာ ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို တို့ ဗုံးကြဲ ခံရသည်။
