တပ်မတော်တွင် နဝမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု (ဒုတိယနေ့) ကို ဧပြီ ၂၆ ရက်တွင် မင်္ဂလာဒုံ မြို့နယ်ရှိ အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာဖြစ်သူ ခွဲတပ်ကြပ်ကြီးမျိုးမင်းခိုင်နှင့် အသည်းအလှူရှင်ဖြစ်သူ ကိုမင်းခိုင်မောင်တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး အသည်းအလှူရှင်ထံမှ အသည်းကို နံနက် ၈ နာရီခွဲအချိန်တွင် စတင်ထုတ်ယူ၍ ရရှိသောအသည်းကို မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်းဆောင်ရွက်ခဲ့ရာ စုစုပေါင်းခွဲစိတ်ချိန် ၈ နာရီခွဲခန့် ကြာမြင့်ခဲ့သည်။
လက်ရှိတွင် အသည်းအလှူရှင်နှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သောပြုစု ကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
crd//mhtnews