ဧပြီ ၁၅ ရက် အင်္ဂါနေ့ မနက်ခင်းသတင်းများ

(နိုင်ငံတကာ ထူးခြားသတင်းများ)

-ယူကရိန်း နိုင်ငံ ဆူမီ မြို့ရှိ မြို့တော်ခမ်းမတွင် ယူကရိမ်းစစ်ဦးစီးအဖွဲ့နှင့် အနောက်ဥရောပစစ်အကြံပေးများ ဆွေးနွေးပွဲလုပ်နေစဥ် ရုရှား ဒုံးကျည် နှစ်စင်းဖြင့်တိုက်ခိုက်ခဲ့မှု့ကြောင့် ၃၄ ဦးသေဆုံးပြီး ၁၁၇ ဦးဒဏ်ရာရခဲ့သည် ။

-တရုတ်သမ္မတ ရှီ နှင့် အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အီဗရာဟင် တို့ ဧပြီ ၁၅ ရက် ယနေ့တွေ့ဆုံရန်ရှိသည် ။

-မြန်မာအကြီးအကဲနှင့် အာဆီယံ ဥက္ကဌ တို့ ဧပြီ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံရန်ရှိပြီး ဧပြီ ၁၈ ၌ အာဆီယံ ၁၀ နိုင်ငံမှခေါင်းဆောင်များနှင့် မြန်မာအကြီးအကဲ တို့တွေ့ဆုံမည်ဖြစ်သည် ။

-မြန်မာ့ငလျင်ကိုလာရောက်ကူညီသော အိန္ဒိယလေတပ်မှ အင်ဂျင် ၄ လုံးတပ် စစ်လေယာဥ်ကြီးသည် မြန်မာ့လေပိုင်နက်ထဲတွင် မည်သူ့လက်ချက်မှန်းမသိသော ဆိုင်ဘာတိုက်ခိုက်မှု့ခံရပြီး GPS လမ်းညွှန်စနစ် ပျောက်သွားခဲ့သော်လည်း အဆင့်မြင့်လမ်းညွှန်စနစ် INS ကိုသုံး၍ ဆင်းသက်ခဲ့ရကြောင်း Time of India သတင်းစာ၌ဖော်ပြခဲ့သည် ။

-ဘင်္ဂလားဒက် အလှမယ် မဂ္ဂနာအလန် ( ၃၀ နှစ် ) သည် ဒက္ကာ ရှိ ဆော်ဒီသံအမတ်တစ်ဦး နှင့်ချစ်ကြိုက်ခဲ့ပြီး ထိုသံအမတ်၌ မယားကြီးရှိ၍ လက်ထပ်ခွင့်ကို ငြင်းပါယ် ခဲ့သောကြောင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကိုထိခိုက်စေသည်ဟုဆိုကာ အထူးအာဏာအက်ဥပဒေဖြင့် ဘင်္ဂလားဒက်ရဲကဖမ်းဆီးခဲ့သည် ၊ ဆော်ဒီ နိုင်ငံတွင် ဘင်္ဂလားဒက် လုပ်သား ၂.၁၆ သန်း အလုပ်လုပ်လျှက်ရှိ၍ သံတမန်ဆက်ဆံရေး ကောင်းဘို့လိုသည်ဟု ဘင်္ဂလားဒက် ကြားဖြတ်အစိုးရကဆိုခြင်းသည် လူ့အခွင့်အရေးနှင့်မညီကြောင်း အလှမယ် ၏ ဖခင်ဖြစ်သူက ပြောသည် ။

(ပြည်တွင်းထူးခြားသတင်းများ)

-ကျောက်တော်ရှိ AA စခန်း ၊ မင်းတပ် ရှိ ချင်းသူပုန်စခန်း ၊ ကနီ ရှိ PDF ထောက်ပို့စခန်းများသည် အပစ်ရပ်ထားသော မိမိတပ်များကို လာရောက်တိုက်ခိုက်နေ၍ ဗုံးကြဲ ရှင်းလင်းခဲ့သည် ။

-မကွေးတိုင်းနတ်မောက်မြို့နယ် ဂွေးတောက်ကုန်းရွာ အုပ်ချုပ်ရေးမှုးအိမ်နှင့် လင်းကတိုး ရွာ အုပ်ချုပ်ရေးမှုးအိမ်တို့ကို PDF များဝင်ရောက်ကာ တိမ်းရှောင်နေရသော အုပ်ချုပ်ရေးမှုးများကို ရှာမတွေ့၍ မိသားစုများကို ဖမ်းဆီးနှိပ်စက်လျှက်ရှိကြောင်း သိရသည် ။

-မနေ့က တောင်တွင်းကြီး ၊ မင်းကင်း ၊ ဝမ်းတွင်း မြို့များ အနီးနှင့် ထိုင်းနိုင်ငံ အတွင်းတို့တွင် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ခတ်ခဲ့သည် ။

Leave a Reply

Your email address will not be published. Required fields are marked *