ဧပြီ ၁၅ ရက် (ယနေ့) ညနေ ၆ နာရီခန့်က နောင်ချိုဒေသ၊ အုမ္မသီးလမ်းဆုံအနီးရှိ လခရစခန်း၏ ကာကင်းစခန်းနေရာအား အကြမ်းဖက် PDF ၁၀ ဦးခန့်က လာရောက်တိုက်ခိုက်စဉ် ကင်းသမားမှ လက်ဦးမှုရယူ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ရန်သူထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -(၁) အကြမ်းဖက် PDF ၂ လောင်း(၂) သေနတ် ၁ လက်(၃) ကျည်အိမ် ၁ ခု၊ ကျည် ၁၆ တောင့်(၄) မှတ်ပုံတင် ၁ ခုတို့အား သိမ်းဆည်းရရှိခဲ့သည်။-အပစ်ရပ်စဲမှုကို အခွင့်ကောင်းယူ၍ လာရောက်တိုက်ခိုက်သော အကြမ်းဖက်အဖွဲ့သည် ကျောက်ဆည် PDF များဖြစ်ကြောင်း တွေ့ရှိရပြီး ကောင်းမွန်စွာ မြေမြှပ်သင်္ဂြိုလ်ပေးသွားမည် ဖြစ်ပါသည်။
-မှတ်ပုံတင်ကတော့ သက်ဆိုင်သူတွေ သပိတ်သွတ်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။



