ရုရှားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ BIMSTEC နိုင်ငံအကြီးအကဲများဖြင့် မကြာသေးမီက တွေ့ရှိခဲ့ပြီး ဆက်ဆံရေးတိုးတက်ကောင်းမွန်လာတဲ့ မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်ကို အာဆီယံနိုင်ငံခေါင်းဆောင်တွေလည်း မကြာမီ ဘန်ကောက်မှာ တွေ့ဆုံဖို့ရှိတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။
ဒီလိုတွေ့ဆုံမှုတွေက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိစ္စ၊ ဖျက်အားပြင်း ငလျင်ဘေးကို ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက်နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကူညီနိုင်မယ်လို့ ယုံကြည်ပြီး ကောင်းမွန်တဲ့အရွေ့တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။
