တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း တည်ရှိသည့် မောတောင်မြို့သည် မြန်မာနိုင်ငံအောက်ပိုင်းရှိ အရှေ့ဘက်အကျဆုံးမြို့ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့် နယ်စပ်မြို့ဖြစ်သည်။ မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများနှင့် ဒေသထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရာ၌ မြိတ်-မောတောင်မှ ထိုင်းနိုင်ငံသို့ တင်ပို့ပါက အချိန် (၇)နာရီခန့်သာကြာသည့် အနီးဆုံးလမ်းကြောင်းဖြစ်ပြီး မောတောင်မြို့မှာ စီးပွားရေးအရအရေးပါသည့် နယ်စပ်မြို့တစ်မြို့လည်းဖြစ်သည်။ထိုသို့ နိုင်ငံတော်အတွက် အရေးပါသော နယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့၌ ရိုးသားစွာနေထိုင် လုပ်ကိုင်စားသောက်နေထိုင်ကြသည့် ပြည်သူများအား CRPH၊ NUG အကြမ်းဖက်အဖွဲ့တို့၏…