ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၁ ဦးနှင့် ထောက်ပံ့ရေးပစ္စည်း တင်လာသည့် INDIA AIR FORCE မှ လေယာဥ် မန္တလေးသို့ရောက်ရှိ

မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်သူများအား ကူညီကယ်ဆယ်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၁ ဦးနှင့် ထောက်ပံ့ရေးပစ္စည်း ၂၉ တန်ကျော်ပါဝင်သည့် INDIA AIR FORCE မှ လေယာဥ်သည် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၉ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့အခြေစိုက် အိန္ဒိယသံရုံးအစီအစဉ်ဖြင့် ရောက်ရှိလာသော အဆိုပါလေယာဥ်တွင် အိန္ဒိယတပ်မတော်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် COL RAKESH KHATKAR ပါ ၁၁ ဦးနှင့် ထောက်ပံ့ရေးပစ္စည်း ၂၉ ဒသမ ၂၅ တန် ပါဝင်သည်ဟုဆိုသည်။

ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် 5KVA မီးစက်သုံးလုံး၊ ရေသန့်စက် ခုနစ်လုံး၊ ဆန်အိတ် ၈၅ အိတ်၊ ဆေး၊ ရေသန့်ဘူးကြီး ၂၀ လီတာဘူး ၂၀၀၊ ခေါက်ဆွဲခြောက်၊ Special EQPT ၁၇ ခု၊ အာလူး၊ ကြက်သွန်၊ ဂေါ်ဖီ၊ ဂျုံမှုန့်တို့ဖြစ်ကြပြီးဖြစ်ကြောင်း သိရသည်။

mhtnews

Leave a Reply

Your email address will not be published. Required fields are marked *