စစ်ကိုင်းမြို့ရှိ နေရာ ၈ ခုတွင် အခမဲ့ရွှေ့လျားဆေးခန်းများကို MRCS က ဖွင့်လှစ်

ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းမြို့ရှိပြည်သူများအား ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့ ဧပြီ ၉ ရက်မှ ၁၇ ရက်အထိ နေရာ ၈ ခုတို့တွင် အခမဲ့ရွှေ့လျားဆေးခန်းများ ဖွင့်လှစ်ပေးလျှက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS မှ သိရသည်။

အဆိုပါ ရွေ့လျားဆေးပေးခန်းကို ယနေ့ ဧပြီ ၉ ရက်တွင် တောင်ရေဦးဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားရှိသလို မနက်ဖြန် ဧပြီ ၁၀ ရက်တွင် မွန်ကျောင်း ဘုန်းတော်ကြီးကျောင်း၊ ဧပြီ ၁၁ ရက်တွင် အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဧပြီ ၁၂ ရက်တွင် ရွှေ တောင်ဦးဘုန်းတော်ကြီးကျောင်းတို့၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

အလားတူ ဧပြီ ၁၄ ရက်တွင် ပဲစားချောင်ကျောင်းတိုက်၊ ဧပြီ ၁၅ ရက်တွင် တောင်ရေဦးဘုန်းတော်ကြီးကျောင်း၊ ဧပြီ ၁၆ ရက်တွင် မွန်ကျောင်းဘုန်းကြီးကျောင်းနှင့် ဧပြီ ၁၇ ရက်တွင် အောင်မြေဦး ဘုန်းတော်ကြီးပညာရေးကျောင်းတို့တွင် ဖွင့်လှစ်ပေးသွားရန် ကနဦး စီစဥ်ထားရှိသော်လည် အကြောင်းအမျိုးမျိုးကြောင့် ဆေးခန်ဖွင့်လှစ်မည့်နေရာများ အပြောင်းအလဲရှိလာနိုင်သည်ဟု MRCS က အသိပေးထားသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ပြီးခဲ့သည့် ဧပြီ ၇ ရက်ကလည်း ငလျင်လှုပ်ခတ်ပြီးနောက် မီးဘေးသင့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်၊ ပင်မ ၁၀ ရပ်ကွက်၌ ရွေ့လျားဆေးကုသခန်း (Mobile Clinic)ကို ဖွင့်လှစ်၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်

mhtnews@myanmarhardtalk

Leave a Reply

Your email address will not be published. Required fields are marked *