အပစ်ရပ်ထားသည်ကို အခွင့်ကောင်းယူ၍ TNLA က တပ်စခန်းအား လာရောက်တိုက်ခိုက်

Breaking News

ဧပြီလ ၄ ရက် (ယနေ့) မနက်ပိုင်းက သပိတ်ကျင်းဒေသအတွင်းရှိ တပ်မတော်စခန်း ၁ ခုအား အကြမ်းဖက် TNLA အဖွဲ့က အပစ်ရပ်ပေးထားသည်ကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA ၃ လောင်း
(၂) Type-81 သေနတ် ၃ လက်
(၃) လုပ်စိန်ပြောင်း ၃ လက်
(၄) ကျည်အိမ် ၇ ခု၊ ကျည် ၂၀၀ တောင့်
(၅) ကြိုးဆွဲလက်ပစ်ဗုံး ၇ လုံး
(၆) အီနာဂါ ၂ လုံး
(၇) တိုက်မိုင်းခလုပ် ၄ ခု၊ လည်စီး ၁ ခုတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်သည် ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများကြောင့် တပ်မတော်မှ ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ သတ်မှတ်ကြေညာခဲ့ပြီး ထိုအပစ်ရပ်ထားသည်ကို အခွင့်ကောင်းယူ၍ TNLA သူပုန်အဖွဲ့က တပ်စခန်းအား စတင်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်စခန်းမှ စစ်သည်များအနေဖြင့် သတိ ဝီရိယရှိစွာ ရန်သူကို ရွပ်ရွပ်ချွံချွံပြန်လည်တိုက်ခိုက်ခဲ့သဖြင့် မိမိအထိအခိုက်မရှိဘဲ ရန်သူမှာ အကျအဆုံးများစွာနှင့် ပြန်လည်ဆုတ်ခွာထွက်ပြေး သွားခဲ့ရပါသည်။

Congratulations ပါ သပိတ်ကျင်း Fighter များ ..

Leave a Reply

Your email address will not be published. Required fields are marked *