ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံးမှသံမှူးကြီး Ms. Cao Jing သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးမျိုးညွန့်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့် ယွမ်ငွေ ၁ ဒသမ ၅ သန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
သံမှူးကြီး Ms. Cao Jing က တရုတ်နိုင်ငံသည် အင်အားပြင်းထန်သောငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများနှင့် အိုးအိမ်ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရသောမြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါကြောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ယွမ်သန်း ၁၀၀ ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးဆောင်ရွက်စဉ် အသက်ရှင်ကျန်ရစ်သူ (၆) ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့နိုင်ငံအနေဖြင့် ကယ်ဆယ်ရေးအဖွဲ့များစွာကို စေလွှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ဘေးအန္တရာယ်ကယ်ဆယ်ရေး အထောက်အပံ့များ ဆက်လက် ပံ့ပိုးပေးပြီး အခက်အခဲများကျော်လွှားနိုင်အောင်ကူညီသွားရန်ဆန္ဒရှိကြောင်းကို ပြောကြားခဲ့ပါသည်။
Crd
