ဗိုလ်မှူး သူရ ဇေယျာထွန်း..
ဗိုလ်မှူး သူရ ဇေယျာထွန်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄၆)တွင် တက်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် တပ်မတော်ပြန်တမ်းဝင်အရာရှိဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရပါသည်။
🎖(သူရဘွဲ့ရရှိခဲ့မှု)🎖
ဗိုလ်မှူး ဇေယျာထွန်းသည် ပုသိမ်လေတပ် စခန်းဌာနချုပ်၊ အမှတ်(၉၉)ဗုံးကြဲလေယာဉ်အုပ်မှ နမ့်စန်လေတပ်စခန်း ဌာနချုပ်၊ အမှတ်(၃၄)ဗုံးကြဲလေယာဉ်အုပ်တွင်စစ်ဆင်ရေးတာဝန် ထမ်းဆောင်စဉ် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် ၁၄၃၀ အချိန်ခန့်တွင် ရန်သူ့ပစ်မှတ် ခန့်မှန်းမြေပုံညွှန်း (အမ်ဂျီ——)အား A-5 ဗုံးကြဲလေယာဉ်နှစ်စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာတွင် ဒုတိယလေယာဉ်၏ လေသူရဲတာဝန်အတိုင်း အုပ်ဖွဲ့ခေါင်းဆောင် ပစ်မှတ်အား ပစ်ခတ်ချေမှုန်းပြီး ပြန်အထွက်တွင် အုပ်ဖွဲ့ခေါင်းဆောင်လေယာဉ်အား ရန်သူမှပြန်လည် ပစ်ခတ်ခြင်းမပြုလုပ်နိုင်ရန် ဦးနှိမ်ပစ်ခတ်ပေး ခဲ့ပါသည်။
ပစ်ခတ်ပြီးနောက် ပြန်အတက် မီတာ ၇၀ဝ ခန့်တွင် လေယာဉ်၏အနောက်ဘက်မှ ပြင်းထန်သောတုန်ခါမှုကို ရုတ်တရက်ခံစားလိုက်ရပြီးနောက် လေယာဉ်မှာ ညာဘက်သို့လည်ထွက်မည့် အနေအထားဖြစ်သဖြင့် လေယာဉ်အား မဖြစ်နိုင်သောအခြေအနေတွင် အရေးပေါ်ခုန်ထွက်ခြင်းမပြုဘဲ အစွမ်းကုန် မိမိအင်အားရှိသမျှထိန်းချုပ်၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် အလွန်တန်ဖိုးရှိသော တိုက်ပွဲဝင်တိုက်ခိုက်ရေး လေယာဉ်တစ်စင်း ဆုံးရှုံးမသွားစေရန်နှင့် တပ်မတော်၏ဂုဏ်သိက္ခာ ကျဆင်းမှုမရှိစေရန်၊ ငါမသေငါ့စခန်းမကျ စေရဟူသောစိတ်ဓာတ်အတိုင်း နောက်ဆုံး အခြေအနေရောက်သည့်တိုင်အောင် မိမိလေယာဉ်အား ထိခိုက်မှုတစ်စုံတစ်ရာထပ်မံ မဖြစ်ပွားစေရန် အသက်ကို ပဓာနမထားဘဲ စွမ်းအားရှိသမျှကာကွယ်ခဲ့ခြင်းကြောင့် ဗိုလ်မှူး ဇေယျာထွန်းအား နိုင်ငံတော်က သူရဘွဲ့ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်)
တိုက်ပွဲသတင်းစုံ
