ပြည်ပကသတင်းမီဒီယာတွေ သတင်းလာရောက်ယူခွင့်မရှိဘူးဆိုတဲ့ DVB ရဲ့ လုပ်ကြံသတင်း

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ခံခဲ့ရတဲ့ဒေသတွေကို ကူညီကယ်ဆယ်ဖို့ နစကဥက္ကဌက မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို ဖိတ်ခေါ်ထားတယ်။ လူတိုင်းသိတယ်၊ နိုင်ငံတိုင်းလည်းသိတယ်။

လာကူတဲ့နိုင်ငံတွေလည်း လာကြပြီ ကူတဲ့သူတွေလည်း ကူနေပြီ။ အခြားနိုင်ငံက ကူညီကယ်ဆယ်ရေးတွေလာကတည်းက သူတို့ချည်းပဲလာတာမဟုတ်ဘူး သတင်းထောက်တွေပါပြီးသားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာအပေါ် DVB က သတင်းအမှားတွေရေးသားပြီး ပြည်သူတွေထင်ရောင်ထင်မှား ဖြစ်အောင်ရေးသားထားပါတယ်။

သေချာတာတစ်ခုကတော့ ဒေါ်လာစားပြီး ပြည်တွင်းရေးကို မှိုင်းတိုက်နေတဲ့ ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ ခေတ်သစ်တို့၊ မြေလတ်အသံတို့၊ Mizzima တို့၊ Ayarwaddy Times၊ RFAတို့လို့ အကြမ်းဖက်အားပေးမီဒီယာတွေပဲ ပေးမဝင်တာ ဖြစ်ပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *