ယနေ့မနက်ပိုင်းက မြန်မာနိုင်ငံ မန္တလေးမြိုမှာ ငလျင်ဒဏ်သင့် ကိုယ်ဝန်ဆောင်အသက်ရှင်ကျန်ရစ်သူကို တရုတ်ကယ်ဆယ်ရေးသမားများက ကယ်ထုတ်ခဲ့သည်။
အထက်ဖော်ပြပါ ကယ်ဆယ်ရေးမစ်ရှင်တွင် တရုတ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲနှင့် တရုတ် RAMUNION RESCUE အရပ်ဘက်ကယ်ဆယ်ရေးအဖွဲတို့ ပူးပေါင်းပါဝင်ခဲ့သည်ဟု တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ၏ အဖွဲခေါင်းဆောင် ယုရှင်းက မြို့တော်၏ လူနေရပ်ကွက်တစ်ခုရှိ ကယ်ဆယ်ရေးစခန်းတွင် ရှင်းဟွာသို့ ပြောကြားခဲ့သည်။
တရုတ် ကယ်ဆယ်ရေးသမားများသည် ယခု ကယ်ဆယ်ရေးခရီးစဉ်အတွင်း တုန်လှုပ်ချောက်ချားဖွယ်ရာ အများအပြားကို သတ္တိရှိရှိ စွမ်းဆောင်နိုင်ခဲ့ကြောင်း ယုက ပြောကြားခဲ့သည်။
၎င်းတို့အနေဖြင့် နောက်ထပ် အသက်ရှင်သူတွေကို တွေ့ရှိလာဖို မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ
