မလေးရှားနိုင်ငံမှ သဘာဝဘေးကူညီရေးနှင့် ကယ်ဆယ်ရေးအထူးအဖွဲ့ဖြစ်သည့် Special Malaysia Disaster Assistance and Rescue Team (SMART)မှ အထူးကယ်ဆယ်ရေးအဖွဲ့ဝင် ၅၀ ဦး ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန် မြန်မာနိုင်ငံသို့ မတ်လ ၃၀ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။





