မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် ဘေးသင့်ခဲ့မှုအပေါ် ကရုဏာသက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖုန်းဆက်သွယ် ပြောကြားခဲ့သည်ဟု မတ်လ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
ငလျင်ဘေး ကရုဏာသက်ကြောင်း နစကဥက္ကဋ္ဌကို တရုတ်သမ္မတက ဖုန်းဖြင့်ဆက်သွယ်ပြောကြား
