မတ် ၂၈ ရက် သောကြာနေ့ မနက်ခင်းသတင်းများ

(ပြည်ပ ထူးခြားသတင်းများ)

-အိန္ဒိယနှင့်ဆက်ဆံရေးမပြေမလည်ဖြစ်နေသော ဘင်္ဂလားဒက်ကြားဖြတ်အစိုးရဝန်ကြီးချုပ် ယူနွတ် ( ၈၄ နှစ် ) သည် တရုတ်သို့ချစ်ကြည်ရေးခရီးထွက်ခွာသွားပြီး ယနေ့ သောကြာနေ့တွင် သမ္မတ ရှီ နှင့်တွေ့ဆုံကာ ၊ ဘေဂျင်းတက္ကသိုလ်က ချီးမြှင့်မည့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကိုလည်း လက္ခံရန်ရှိသည် ။

-ဟောင်ကောင်သူဌေး လီကာရှင်း သည် ပနားမား ရှိ ၎င်းပိုင်လုပ်ငန်းများကို အမေရိကန်အားရောင်းချရန် ကြေငြာပြီးနောက် တရုတ်အစိုးရက ဒေါသထွက်ခဲ့ပြီး ၎င်းနှင့်ဆက်စပ်လုပ်ကိုင်နေသောတရုပ်ကုမ္ပဏီများအား ဆက်မလုပ်ရန်ညွှန်ကြားလိုက်သည်။

-အမေရိကန်က ၎င်းထံသွင်းလာသော ပြည်ပထုတ်ကားအားလုံးကို အခွန် ၂၅ % ကောက်မည်ဟုကြေငြာလိုက်ပြီး တစ်နှစ်လျှင် ဒေါ်လာ ၈.၃ ဘီလျံ တန်ဘိုးတင်သွင်းနေသော အင်္ဂလန်ထုတ် ဂျက်ဂွာ နှင့် လင်းရိုဘာ ကားများ အထိနာခဲ့သည် ၊ EU ဥက္ကဌ မစ္စ အာဆူလာ က လက်တုန့်ပြန်မည်ဟုဆိုသည် ။

-တောင်ကိုးရီးယား တောမီး မငြိမ်းသေးဘဲ ၂၇ ယောက် သေဆုံးခဲ့သည် ။

-အာတိတ်ဒေသ အပူလွန်ကဲလာ၍ ပိုလာဝက်ဝံကောက်ရေ ထက်ဝက်လျော့ကျသွားကြောင်း ကနေဒါအခြေစိုက် သုတေသနအဖွဲ့ကပြောသည် ။

-အော်ပရာစီဖမ်းဆီးရမိမြန်မာ ၈၃ ဦး မလေးရှား မှ ပြန်ပို့ခဲ့သည် ။

-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း မဲဆောက် – မယ်လမ စစ်ဆေးရေးဂိတ်၌ လိုင်းကားပေါ်မှ ပစ္စတို- နှင့် လက်ပစ်ဗုံး -များကို ထိုင်းရဲက ဖမ်းမိခဲ့သည် ။

(ပြည်တွင်း ထူးခြားသတင်းများ)

-စစ်ကိုင်း မင်းကွန်းဒေသ၌ စစ်ကြောင်းထိုးရှင်းလင်းနေရာထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည် ။

-ကျောက်ဆည်ခရိုင် PDF အဖွဲ့၏ ဆေးမှုး ဖြစ်သူ မိုးမိတ်ဆေးရုံမှ CDM ဆရာမ ဒေါ်ယဥ်မွန်အောင် သည် ဆက်မလုပ်ချင်တော့၍ နုတ်ထွက်စာ ၃ ကြိမ်တင်ပြီးနောက် ကျောက်ဆည်ခရိုင်တပ်ရင်း ၃ က ထိတ်တုံးခတ်ခြင်း ၊ ကြိမ်ဒဏ်ပေးခြင်း၊ အချုပ်ချထားခြင်းတို့အပေါ် NUG က စစ်ဆေးမည်ဟုဆိုသည် ။

-လာအို အလုပ်သမားစေလွှတ်မှု့ အေဂျင်စီ တစ်ခု ၁ လ ၁၀ ယောက်နှုန်း သတ်မှတ်ထားသည် ။

-ညောင်ရွှေ အင်းလေးကန် ရေခန်းခြောက်မှု့ အလွန်လျှင်မြန်လျှက်ရှိပြီး ဟဲယာရွာမ အနီး၌ လှေသွားမရတော့ကြောင်း သိရသည် ။

-ကမ္ဘာ့ရွှေစျေး တအောင်စ ၃၀၂၀ ဒေါ်လာသို့ ကျရိတ်ပြခဲ့သော်လည်း မြန်မာ့ရွှေ ပြင်ပပေါက်စျေး မှာ ၁ ကျပ်သား ၆၉၃၀၀၀၀ အထိ တက်လာသည် ။

-ဇွန်လ တွင် နစက မှ ကာ/လုံ သို့အာဏာလွှဲမည်ဟု ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက BBC ကိုပြောသည် ။

ပြည်ထောင်စုနယ်မြေ နေပြည်တော်

-မနေ့ညနေက တပ်မတော်နေ့ စစ်ရေးပြတွင် အင်အား ၈၀၀၀ ပါဝင်ချီတက်ခဲ့ပြီး လက်နက်ကိုင်၍အကြမ်းဖက်တောင်းဆိုနေမှု့များကို အလျော့ပေးမည်မဟုတ်ဘဲ ဆက်လက်ချေမှုန်းသွားမည်ဟု ဗိုလ်ချုပ်မှုးကြီးမိန့်ခွန်း၌ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *