အကြမ်းဖက် KIA အလောင်းနှင့်လက်နက်ခဲယမ်းသိမ်းဆည်းရရှိ

မတ်လ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က ဗန်းမော်တက္ကသိုလ်၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် KIA ၁၅ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် စစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA ၁ လောင်း
(၂) KA သေနတ် ၁ လက်
(၃) ကျည်အိမ် ၁၀ ခု၊ ကျည် ၇၀၀ တောင့်
(၄) ၄၀ မမ ဗုံးသီး ၇ လုံး၊ ဘီဇူကာဗုံးသီး ၇ လုံး
(၅) လက်ပစ်ဗုံး ၅ လုံး
(၆) မိုင်းမျိုးစုံ ၁၀ လုံး
(၇) ကျည်ကာဦးထုပ် ၅ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *