(ပြည်ပ ထူးခြားသတင်းများ)
-တရုတ် မှ ၁၁ ခု နှင့် ထိုင်ဝမ် မှ ၁ ခု AI ကုမ္ပဏီ များကို အီရန် မြန်နှုံးလွန်ဒုံးအတွက် ပံ့ပိုးကူညီ၍ဟုဆိုကာ အမေရိကန်က ပိတ်ဆို့မှု့ပြုလုပ်ခဲ့သည် ။
-ရဝမ်ဒါက ပံ့ပိုးထားသော ကွန်ဂိုကိုတိုက်နေသည့် M-23 သူပုန်တို့သည် ကွန်ဂိုတောင်ပိုင်းရှိမြို့ကြီး ၂ မြို့ကိုသိမ်းထားပြီး အပစ်ရပ်ရေးအတွက် စေ့စပ်ရန် နိုင်ဂျီးရီးယားသမ္မတဟောင်း ဆန်ချို ၊ တောင်အာဖရိကသမ္မတဟောင်း ကာကလူနာ ၊ အီသီယိုပီးယားသမ္မတဟောင်း မစ္စ ဆာလီဝပ် တို့ပါဝင်လာသည် ။
-တောင်တရုတ်ပင်လယ်အရှေ့ခြမ်း ဂျပန် ပိုင် အိုကီနာဝါကျွန်း နှင့် ၄၀၉ ကီလိုမီတာအကွာရှိ တရုပ်အခေါ် လျောင်ဝီ ကျွန်း ၊ ဂျပန်အခေါ် ဆန်ကာကူး ကျွန်းအနီးရှိ ဂျပန်ငါးဖမ်းသေင်္ဘာ ၄ စင်းကို တရုတ်ရေတပ်က နှင်ထုတ်ခဲ့သည် ။
-တောင်ကိုးရီးယား တွင် အဆိုးဝါးဆုံးတောမီးလောင်ကျွမ်းလျှက်ရှိပြီး လူ ၂၄ ယောက်သေဆုံးကာ မီးသတ်ရဟတ်ယဥ်တစ်စီးပျက်ကျသည် ။
-ထိုင်းဝန်ကြီးချုပ် ပေထုံတန် အားအယုံအကြည်မရှိ အဆို မဲခွဲရာ ဝန်ကြီးချုပ်က အနိုင်ရရှိခဲ့သည် ။
-ဘင်္ဂလားဒက် ကြားဖြတ်အစိုးရသည် နွေကာလ ဧပြီမှ စက်တင်ဘာအထိ မီးပြတ်လပ်နိုင်မှု့အားကျော်လွှားရန် တရုတ်ဆိုလာ များ တပ်ဆင်လျှက်ရှိသည် ။
(ပြည်တွင်း ထူးခြားသတင်းများ)
-တနင်္သာရီတိုင်း ထားဝယ်မြို့အနီး ရုရှားကော်စမိုအေဂျင်စီက အာကာသဒုံးလွှတ်တင်စခန်းတစ်ခု တည်ဆောက်မည်ဟု နိုင်ငံပိုင် အင်္ဂလိပ်သတင်းစာ News Light of Myanmar က ဖော်ပြသည် ။
-ဖျက်သိမ်းထားသော SNLD မှ စိုင်းညွှန့်လွင်က ၂၀၀၈ ခြေ/ဥသည် လွှတ်တော်တွင်းကပေါ်ပေါက်လာခြင်း မဟုတ်၍ လွှတ်တော်မခေါ်ဘဲ ဖျက်သိမ်းနိုင်သည်ဟု ပြောသည် ။
-ပြည်သူ့ပါတီ ဦးကိုကိုကြီး က ရွေးကောက်ပွဲတွင် ပါတီများသည် တပ်မတော်နှင့်ထိပ်တိုက်မတွေ့ရန်လိုပြီး ရွေးကောက်ပွဲပြီးက တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်ရန်လိုသည်ဟု MHT အင်တာဗျူး ၌ ပြောသည် ။
-ပုဏ္ဏားကျွန်း မှ စစ်တွေသို့ပစ်ခတ်နေသော AA လက်နက်ကြီးနေရာများအား ဗုံးကြဲရှင်းလင်းရာ AA ၁၄ ယောက် သေဆုံးခဲ့သည် ။ ၎င်းတို့သိမ်းထားသောနယ်မြေများအတွင်းမှ အသက် ၁၈ မှ ၄၅ အထိ ကျား/မ အားလုံး စစ်မှု့ထမ်းရန် AA ကဆင့် ခေါ်နေသော်လည်း အသက် ၁၁ နှစ်အရွယ်အထိ အဓမ္မခေါ်နေ၍ ဆန့်ကျင်မှု့များနှင့်ကြုံနေရသည် ။
-နောင်ချို စစ်မျက်နှာ၌ မိမိစစ်ကြောင်းများ ဟန်ချက်ညီတိုက်စစ်ဆင်နေပြီး စစ်နည်းဗျူဟာအရ အပေါ်စီးရသော နောင်ချိုမြို့အထက်ရှိ တိမ်ပင်လယ် တောင်ကုန်းကို တပ်မတော်မှ သိမ်းပိုက်ခဲ့သည် ။
-နိုင်ငံတော်အကြီးအကဲက ရွေးကောက်ပွဲကိုဒီဇင်ဘာ တတိယပါတ်တွင် တစ်ကြိမ်၊ စတုတ္ထပါတ်တွင် တစ် ကြိမ် ၊ ၂၀၂၆ ဇန်နဝါရီ ပထမပါတ်တွင် တစ်ကြိမ် ၊ ဒုတိယပါတ်တွင် တစ်ကြိမ် စုစုပေါင်း ၄ ရစ်ခွဲ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းကာလတွင် လုံခြုံရေး အထူးဂရုစိုက်ကြရန် စစ်တိုင်းမှုးများကို မှာကြားခဲ့သည့်ဟုသတင်း ရရှိကြောင်း သိရသည်။။
