မတ်လ ၁၉ ရက် ည ၉ နာရီအချိန်ခန့်က နောင်ချိုမြို့နယ်၊ အုမ္မသီးရွာအနီးဝန်းကျင်တွင် နယ်မြေရှင်းနေသည့်စစ်ကြောင်းနှင့် အကြမ်းဖက် ၁၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ ရန်သူဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA ၁ လောင်း
(၂) Type 81 သေနတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့သည်။
အလားတူ ည ၇ နာရီခန့်တွင် အကြမ်းဖက် TNLA ၁ ဦးသည် ရွှေညောင်ပင်ရွာဘက်မှ အုမ္မသီးဖက်သို့ ဆိုင်ကယ်ဖြင့် လာရောက်သည်ကိုတွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ –
(၁) အကြမ်းဖက် TNLA ၁ လောင်း
(၂) Type 81 သေနတ် ၁ လက် တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပါသည်။



