စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြိုနယ်၊ ခွန်တောင်းကြီးကျေးရွာအနီးမှာ လယ်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ဒေသခံ အရပ်သားတွေကို NUG လက်အောက်ခံ PDF တွေက လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား အမျိုးသမီး ၃ ဦး ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖေဖော်ဝါရီ ၂၄ ရက်၊ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။
ဒဏ်ရာရရှိခဲ့သူတွေက ခွန်တောင်းကြီးကျေးရွာမှာနေထိုင်သူတွေဖြစ်ကြတဲ့ မသန္တာထွေး (ဘ) ဦးဝင်းမြင့်၊ မသန်းသန်းစိုး (ဘ) ဦးဝင်းဘိုနဲ့ ဒေါ်ပပဦး (ဘ) ဦးစိန်သန်းတို ဖြစ်ကြပြီး သူတိုဟာ ကျေးရွာရဲ့အရှေ့တောင်ဘက်မှာရှိတဲ့ လယ်ကွင်းအတွင်း အလုပ်လုပ်နေကြစဉ် PDF တွေက လယ်ကွင်းရဲ့အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာကနေ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ကြတာလို ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ အရပ်သားတွေကို ရွှေဘိုပြည်သူ့ဆေးရုံသိုပိုဆောင်ပြီး ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးထားသလို ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာတစ်ဝိုက်ကိုလည်း လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးထားတယ်လို သိရပါတယ်။
mht news


