နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလက်ခံယုံကြည်လာသည့် KIA ၊ KNU ၊ AA ၊ ABSDF ၊ SAF နှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များနှင့် အကြမ်းဖက်အဖွဲ့အစည်းအသီးသီးမှအဖွဲ့ဝင် အမျိုးသား ၂၈၀ ဦးနှင့် အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၃၀၃ ဦးတို့သည် ဥပဒေ ဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။ အဆိုပါ ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရန်အောင်မြင်ခန်းမ၌ကျင်းပပြုလုပ်ရာ…