KIAတိုက်နယ်ရုံးတစ်ခုကိုTNLAထပ်မံသိမ်းပိုက်

ယနေ့ဖေဖော်ဝါရီ၂၅ရက်နံနက် အစော(၂)နာရီ KIAတိုက်နယ်ရုံးတစ်ခုကို TNLAမှ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး KIAတပ်ဖွဲများကို ခွေးလိုမောင်းထုတ်ကာတိုက်နယ်ရုံးကိုထပ်မံသိမ်းယူလိုက်ကြောင်းကနဦးသိရှိရသည်။

“ဒီမနက်(၂)နာရီမှာမန်ဘတ်နဲ့ကျူဘန့်ကျေးရွာကြားမန်ဘတ်တိုက်နယ်ရုံးKIAတပ်ဖွဲဝင်တွေကိုမောင်းထုတ်ပြီးသိမ်းထားပြီ၊မန်ဘတ်KIAတိုက်နယ်ရုံးလာသိမ်းတဲ့အဖွဲကမန်တုံမြိုအခြေစိုက်TNLA တပ်မဟာ(၃)အဖွဲပါ၊အင်အား(၁၀၀)ကျော်နဲ့လာသုတ်တာပါ”

ဖေဖော်ဝါရီ၂၃ရက်နံနက်အစောပိုင်းကလည်းKIAမှTNLAဂိတ်စခန်းတစ်ခုကိုသွားရောက်ဖျက်ဆီးပြီးTNLAဖက်ကလည်း KIA ဂိတ်စခန်း(၃)ခုနှင့် တိုက်နယ်ရုံးတစ်ခုကို ဝင်ရောက်သုတ်သင်သိမ်းပိုက်ခဲ့ကြသည်။

ယခုနှစ်KIAတောင်ပိုင်းစစ်ဌာနချုပ်၊တပ်မဟာ၄တပ်ရင်း(၃၄)နယ်မြေတွင်KIAတိုက်နယ်ရုံး(၂)ခု၊ဂိတ်စခန်း(၄)ခုနှင့်KIAပြည်သူ့စစ်စခန်းတစ်ခုစုစုပေါင်း(၇)ခုတိတိသိမ်းယူထားနိုင်ပြီဖြစ်​သည်။TNLAကတော့KIAစခန်းအကုန်အပြောင်ရှင်းထုတ်မှာလို့ အတွင်းသတင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *