ဖေဖော်ဝါရီလ ၁၆ ရက် မနက်ပိုင်းအချိန်က ချောင်းဦးမြို့နယ်တွင် နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ကင်မွန်းတော်ရွာအနီးတွင် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)နှင့် ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF ၂ လောင်း
(၂) MA-3 သေနတ် ၁ လက်
(၃) ကျည်အိမ် ၅ ခု၊ ကျည် ၃၃၆ တောင့်
(၄) ကျည်ကာဦးထုပ် ၂ လုံး
(၅) လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။


