ဖေဖော်ဝါရီလ ၁၆ ရက် ညနေပိုင်းအချိန်က ဗန်းမော်မြို့အတွင်း နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် KIA ၂၀၀ ကျော်ခန့်တို့သည် နေရာ ၈ နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကာ ရန်သူ့ထံမှ လက်နက်မျိုးစုံ ၁၂ လက် သိမ်းဆည်းရရှိခဲ့ပါသည်။ ရန်သူ့အလောင်းများမှာ တစ်စစီဖြစ်နေသဖြင့် ရေတွက်လို့ မရပါ။
- M-22 သေနတ် ၅ လက်
- MA-1 သေနတ် ၁ လက်
- ၄၀ မမ လောင်ချာ ၂ လက်
- M-79 လောင်ချာ ၁ လက်
- ဘီဇူကာ ၁ လက်
- – ၆၀ မမ စိန်ပြောင်း ၁ လက်
အလားတူ ဗန်းမော်မြို့၊ စီအင်(၅)မိုင် အနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KIA ၁၅ ဦးခန့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၄ ခု၊ ကျည် ၁၀၀ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ တရားသောစစ်ဆင်နွှဲနေတဲ့ တပ်မတော်သားအားလုံး တိုက်ပွဲတိုင်းအောင်မြင်ပါစေ။



