ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းအချိန်က မြိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် အကြမ်းဖက် ၅၀ ဦးတို့ မြိုင်မြို့၏ အနောက်တောင်ဘက် မီတာ ၁၅၀၀၀ ခန့်အကွာတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူများ ဆုတ်ခွာသွားခဲ့ရာဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် ၁ လောင်း
(၂) ပစ္စတို ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၇ တောင့်
(၄) ကား ၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။



