နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြင့်မားလာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးများ ပိုမိုလျင်မြန် မြန်ဆန်စွာလုပ်ဆောင်နိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးနှင့်ပတ်သက်၍ အလေးထားအားပေးဆောင်ရွက်လျက်ရှိသော်လည်း PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ ကိုယ်ကျိုးအတွက်သာရှေးရှု၍ ကလေးငယ်များအား အမှား၊ အမှန်၊ အကောင်း၊ အဆိုးများကို ဝေဖန်ပိုင်းခြားတတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများကို သင်ကြားပြသပေးလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့နယ်၊ ကျေးရွာများမှ ဆရာ၊ ဆရာမများအား သစ္စာမဲ့ဝန်ထမ်း Disloyality Civil Servant(DCS) လုပ်ရန် လက်နက်အားကိုးဖြင့် အကြပ်ကိုင်ခြိမ်းခြောက်ခြင်း၊ ဆင်ခြင်တုံ တရားကင်းမဲ့စွာဖြင့် စာသင်ကျောင်းများအား ပိတ်ထားရန် ခြိမ်းခြောက်ခြင်းနှင့် စာသင်ကျောင်းများအား ယာယီစစ်စခန်းအဖြစ် အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့သို့လုပ်ဆောင်လျက်ရှိရာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆရာ၊ဆရာမများကိုလည်း သစ္စာမဲ့ဝန်ထမ်း Disloyality Civil Servant(DCS) လုပ်ရန် လက်နက်အားကိုးဖြင့် အကြပ်ကိုင်ခြိမ်းခြောက်ခြင်း၊ စာသင်ကျောင်းများ၌ ယာယီ စစ်စခန်းအဖြစ် အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်ခြင်းများကြောင့် ကျေးရွာအချို့မှကျောင်းများ ဆက်လက်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ စာသင်ကျောင်းများအား ယာယီပိတ်ထားခဲ့ရသည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက စာသင်ကျောင်းများ…