စစ်မှုထမ်းရန် ဖမ်းဆီးမှုကိစ္စ AA ဝန်ခံ

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး မောင်တောမြို့နယ်အတွင်းရှိ မြိုလူမျိုးများနေထိုင်ရာကျေးရွာရွာမှ မြိုလူမျိုး ၉၀ ကျော်ကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ယူသွားခြင်းကိစ္စနှင့်ပက်သက်ပြီး AA ပြောခွင့်ရ ခိုင်သုခက ဇန်နဝါရီလ ၂၃ ရက်တွင် ဟုတ်မှန်ကြောင်း မီဒီယာမှတဆင့် ဝန်ခံပြောဆိုလိုက်သည်။

-AA အဖွဲ့ ဖမ်းဆီးသွားသည်မှာ အားလုံးပေါင်း ၉၈ ဦးရှိပြီး ကျောင်းနေအရွယ်ကျောင်းသား ၅၆ ဦးပါရှိကာ ထိုအထဲတွင် အသက်မပြည့်သေးသူ ၃၈ ယောက်ပါဝင်နေကြောင်း တွေ့ရှိရသည်။ -အဆိုပါကိစ္စနှင့်ပက်သက်၍ ဒေသခံတစ်ဦးမှ “AA ဘက်က ဝန်ခံတာပဲရှိတယ် အခုချိန်ထိဖမ်းခံထားရတဲ့သူတွေ ပြန်လွှတ်တာမရှိသေးဘူး၊ ဒါကမီဒီယာပေါ်မှာ ပါသွားလို့ သူတို့ထုတ်ပြောလာတာ၊ ကြားထဲမှာ အသက် ၁၀ နှစ်ကျော်ကနေစပြီး ဖမ်းခံရတဲ့သူတွေ ၃ ထောင်ကျော်တယ်၊ တစ်အိမ်တစ်ယောက်ခေါ်ယုံတင်မဟုတ်ဘူး၊ အသက်ကြီး မိန်းမသားတွေပဲချန်ပြီး အကုန်ခေါ်သွားတာ၊ မောင်တော နခခ ၅ မှာတင် သေဆုံးသွားတာ ထောင်ဂဏန်းရှိတယ်၊ သေသွားတာကို ထောက်ပံ့ခြင်းမရှိတဲ့အပြင် ခေါ်သွားတဲ့သူတွေကို သွားမေးရင် ရိုင်းရိုင်းဆိုင်းဆိုင်းကို ပြောလွှတ်တာ၊ အခုသူတို့ရန်ကြောက်လို့ မိသားစုလိုက်တစ်ဖက်နိုင်ငံကို ထွက်ပြေးနေကြရပြီ” ဟု ပြောဆိုသည်။

-AA အနေဖြင့် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား လိုက်နာခြင်း မရှိသည်သာမက ကလေးအလုပ်သမားဆိုင်ရာ နိုင်ငံတကာဥပဒေများအား ချိုးဖောက်နေကြောင်း၊ ကျောင်းနေအရွယ်ကလေးအများစုမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *