ဘုရားသွားရန်ဆောက်လုပ်ထားသည့်တံတားအား PDF အကြမ်းဖက်သမားများမှ ဖောက်ခွဲဖျက်ဆီး

PDF အကြမ်းဖက်သမားတွေဟာ စစ်ဖက်ပြစ်မှတ်မဟုတ်တဲ့ လမ်းတံတားတွေကို မိုင်းခွဲဖျက်ဆီးနေကြတာအားလုံးလည်းသိကြမှာပါ ခုလုပ်ရပ်ကတော့ ဘာသာရေးကိုပါဖိနှိပ်ဖို့ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေကြတယ်ဆိုတာ သိသာလွန်းပါတယ်။

မေလ ၁၃ ရက်‌နေ့ ည ၁၁နာရီချိန်ခန့်တွင် ပဲခူးတိုင်း၊ မြို့ချောင်းကျေးရွာမှ ရှေးဟောင်းသမိုင်းဝင် အဘယမုနိ အောင်စည်ယွန်းဘုရားကြီးသို့ သွားရောက်ရန် ၂၀၁၃ ခုနှစ်တွင် ဇေယျဝတီမြို့ဟောင်း အဘယမုနိဘုရားကြီးကျောင်း နာယကဆရာတော် ဦးစီး၍ နိုင်ငံတော်မှ ပံ့ပိုးငွေ (၅၁၂၀၀ ၀၀၀)ကျပ်၊ အများပြည်သူ များမှ လှူဒါန်းငွေ (၉၆၉၈၅၈၀၀)ကျပ်၊ စုစုပေါင်း ငွေကျပ် (၁၄၈၁၈၅၈၀၀) ကုန်ကျခံဆောက်လုပ်ထားသည့် အလျား (၃၉၉)ပေ၊ အနံ(၁၄)ပေ၊ အမြင့် (၁၁)ပေရှိ သံကူကွန်ကရစ်အမျိုးအစား သမိုင်းဝင် အဘယမုနိ အောင်စည်ယွန်းဘုရားကြီးတံတားအား PDF အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် လူ/ယာဥ် အသုံးပြု သွားလာ၍ မရတော့ကြောင်း သိရပါတယ်။ #Crd