ပြစ်တင်ရှုတ်ချမှုခံထားရတဲ့ သမ္မတ ယွန်ဆပ်ယိုလ်ကို ဖမ်းဆီးခဲ့မှုအပေါ် မကျေမနပ်ဒေါသဖြစ်နေကြတဲ့ ယွန်ကိုထောက်ခံတဲ့ ဆန္ဒပြသမားတွေဟာ ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၃ နာရီခန့်မှာ ဆိုးလ်မြို့က တရားရုံးတစ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့အတွက် စုစုပေါင်း ဆန္ဒပြသမား ၈၆ ဦးကို ဖမ်းဆီးထားပြီး သူတိုတွေအနေနဲ့ ပြင်းထန်တဲ့ ဥပဒေကြောင်းအရေးယူမှုတွေကို တွေ့ကြုံရဖွယ်ရှိတယ်လို့ ပြောဆိုနေကြကြောင်းသိရပါတယ်။ #crd


