အသက် ၂ဝအရွယ် လူငယ်အများစုပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို တရားမဝင်လာရောက်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်လိုက်တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့ နယ်၊ ဟွေ့ခယိန်ကျေးရွာ ဖယ်အောင့်စွတ်လှေဂိတ်အနီးကနေ ထိုင်းရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ထိုင်းနိုင်ငံ လ.ဝ.က ဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့သိရပြီး အရေးယူပြီးတဲ့အခါမှာတော့ နှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်ကာ နယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
Crd#
