ဩစတြေးလျဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်များ ထည့်ထားသည့် ဓာတ်ခွဲခန်းသုံးပြွန်များ ပျောက်ဆုံးနေ

ထိုင်းနိုင်ငံရှိ အထင်ကရ ဦးနှောက်နှင့် အာရုံကြောပါရဂူ ဒေါက်တာ သီရာဗတ်ဟီမာချတ်ဟာက ဩစတြေးလျဓာတ်ခွဲခန်းတစ်ခုမှ လူများကို သေစေနိုင်သော ဗိုင်းရပ်စ်များ ပါဝင်သည့် ဓာတ်ခွဲခန်းသုံးပြွန်အခု ၃၀၀ ကျော် ပျောက်ဆုံးနေမှုအပေါ် စိုးရိမ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်..

Hendra ဗိုင်းရပ်စ်၊ Lyssa ဗိုင်းရပ်စ်နှင့် Hanta ဗိုင်းရပ်စ် တို့အပါအဝင် ပျောက်ဆုံးနေသော ဗိုင်းရပ်စ်များသည် ဇီဝလုံခြုံမှုကန့်သတ်ချက် အမြင့်ဆုံးအဆင့် ချမှတ်ရန် လိုအပ်သော ဗိုင်းရပ်စ်များဖြစ်ပါတယ်..

သီရာဗတ်၏ လူမှုမီဒီယာပို့စ်တွင် ယင်းကူးစက်မြန်ဗိုင်းရပ်စ်များ ပျောက်ဆုံးမှုနှင့် ဆက်နွှယ်သည့် အန္တရာယ်ကို အလေးပေးဖော်ပြထားပါတယ်..

သီရာဗတ်က ယင်းဗိုင်းရပ်စ်များကို မသမာသူများ လက်ထဲရောက်ရှိသွားနိုင်ခြင်း သို့မဟုတ် မကောင်းသော ရည်ရွယ်ချက်များဖြင့် အသုံးပြုနိုင်ခြင်း စသည့် အခြေအနေများအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်..

Leave a Reply

Your email address will not be published. Required fields are marked *